သွမ့်ဟွားယွဲ့က စာရွက်စာတမ်းများကို ကြောင်အစွာကြည့်နေပြီးနောက်မှ သူ့အရှေ့ကအားတက်သရောအမူအယာကိုယ်စီနှင့်လူနှစ်ဦးကို အသာပြုံးပြလိုက်ရသည်။
"ဒါက ကျွန်တော့်အတွက်လား"
စုန့်ယွီက သူမ၏ခေါင်းကိုလျင်မြန်စွာငြိမ့်ပြပြီး သူ့ဆီကတစ်စုံတစ်ရာကိုမျှော်လင့်နေသကဲ့သို့ တောက်ပတဲ့မျက်ဝန်းများနှင့်ကြည့်နေတာကိုမြင်ပြီး စကားလုံးများကသွမ့်ဟွားယွဲ့၏လည်ပင်းထဲမှာရပ်တန့်သွားရလေသည်။
"မင်းရဲ့အမေက မင်းကိုလက်ဆောင်ပေးချင်တယ်ဆိုလို့ ဖေဖေကစီစဉ်ပေးထားတာ...ဒါကစတူဒီယိုရဲ့သော့ အတွင်းပိုင်းမှာအနားယူဖို့အတွက်သီးသန့်အခန်းတွေကိုပါမင်းမေမေကသေချာပြင်ဆင်ပေးထားတယ်"
သွမ့်လုချီကသော့တစ်စုံကိုပါ သူ့ရှေ့ချပေးလိုက်ပြီး ခန့်ညားတဲ့မျက်နှာပေါ်မှာချီးကျူးခံလိုတဲ့အပြုံးရိပ်တစ်ခုပေါ်နေတာကိုမြင်ရတဲ့အတွက် သွမ့်ဟွားယွဲ့၏မျက်နှာပေါ်၌မျဉ်းတစ်ကြောင်းဖြတ်သန်းသွားရလေသည်။
"ကျွန်တော်...သီချင်းတွေဆက်မလုပ်ဖြစ်လောက်တော့ဘူး...ကျေးဇူးတင်ပါတယ်မေမေ ဒါပေမယ့်ကျွန်တော် ဒါကိုမလိုအပ်တော့ဘူးလို့ထင်တယ်"
သူ့လက်တွေကသော့ကိုပြန်မအပ်ခင်မှာတင် သွမ့်လုချီကသူ့ရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး တားဆီးလိုက်သည်။
"မလိုအပ်တဲ့အရာဆိုတာမရှိဘူးလေ ဟွားယွဲ့...ဖေဖေတို့ကမင်းကြိုးစားနေတာ ဖြစ်ချင်တာတွေကိုမတားဆီးပေမယ့် မင်းမပျော်တာကိုတော့မမြင်ချင်ဘူး...သွမ့်ဟွားယွဲ့ဆိုတဲ့ကလေးက အနုပညာကိုဘယ်လောက်သဘောကျပြီး ဘယ်လောက်မြတ်နိုးလဲဆိုတာ ဖေဖေတို့ထက်ဘယ်သူကပိုသိမှာပဲ"
သွမ့်ဟွားယွဲ့ကအမူအယာကိုထိန်းချုပ်ထားပေမယ့် သူ့ရဲ့နှာခေါင်းထိပ်လေးကရဲလာပြီး မျက်ဝန်းတွေထဲငွေ့ရည်ဖွဲ့လာရသည်။
"ယွဲ့အာ မေမေ့ကလေးလေး...ဒါကမေမေတို့ရဲ့လက်ဆောင်ပါ မင်းသီချင်းတွေမလုပ်ချင်ဘူးဆိုရင်တောင် အနားယူချင်တဲ့အချိန် သူငယ်ချင်းတွေနဲ့အတူတူရှိချင်တဲ့အချိန်မျိုးဆို ဒီနေရာကိုသုံးပေါ့...မေမေက မင်းတို့အားလုံးအတွက်ပြင်ဆင်ပေးထားတာ အဲဒါကြောင့် ယွဲ့အာရဲ့သီးသန့်နေရာလေးလို့သဘောထားပြီး အသုံးပြုပေး...ကလေးသာ မေမေ့ရဲ့လက်ဆောင်ကိုသဘောကျပေးရင် မေမေကအရမ်းပျော်ရမှာ"

YOU ARE READING
ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )
RastgeleStarted date - oct23 2022 End date -