"ကျွန်တော်တို့ပတ်သက်မှုကို ဒီလောက်နဲ့ရပ်တန့်ထားတာကောင်းလိမ့်မယ်လို့ ကျွန်တော်ထင်တယ်"
မနက်စာစားနေသည့် တုကျစ်ရှဲ့၏လက်တွေကသိသိသာသာလှုပ်ခတ်သွားတာကိုမြင်လိုက်ရပေမယ့် သွမ့်ဟွားယွဲ့က သူ့ရဲ့အကြည့်တွေကို အပြင်ဘက်ရှုခင်းများဆီပို့ထားလိုက်သည်။
"ကိုယ်..."
"ကျွန်တော့်မှာတွေးစရာတွေအများကြီးရှိနေတာကို ခင်ဗျားသိမှာပါ... ကျွန်တော်ကြုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုချင်းစီတိုင်းက ခင်ဗျားနဲ့ပတ်သက်နေခဲ့တယ် တုကျစ်ရှဲ့...တကယ်လို့ သူတို့သာ ကျွန်တော်ကခင်ဗျားရဲ့..."
သွမ့်ဟွားယွဲ့က စကားကိုရပ်တန့်လိုက်ပြီး ဆက်ပြောဖို့မသင့်တော်မှန်း သတိရလိုက်မိတော့သည်။
တုကျစ်ရှဲ့က လက်ထဲကဇွန်းကိုအသာယာချလိုက်ပြီး သွမ့်ဟွားယွဲ့ကို မော့ကြည့်လာသည်။ နှစ်ဦးကြားရှိလေထုက အနည်းငယ်တင်းကြပ်နေကြပြီးစားပွဲတစ်ဖက်ဝိုင်းရှိ ကျောက်ယွီချင်တို့က သူတို့နှစ်ဦးသားအား တိတ်တဆိတ်အကဲခတ်နေကြသည်။
အတန်ကြာငေးမောပြီးနောက်မှာ တုကျစ်ရှဲ့က စားပွဲအောက်တွင်ဖုံးကွယ်ထားသည့် သူ၏လက်များကိုတင်းကြပ်လိုက်သည်။
"မင်းပြောတာ...အမှန်ပဲ...အကယ်၍သူတို့သာ မင်းကိုရှာမတွေ့ခဲ့ရင် မင်းဘဝရဲ့ထိတ်လန့်စရာအကောင်းဆုံးနဲ့ အမှောင်မိုက်ဆုံးအတိတ်တွေရှိလာခဲ့မှာမဟုတ်ဘူး"
"ခင်ဗျားလဲဒါကိုသိတယ်ဆိုတော့......အဆင်ပြေတာပေါ့"
သွမ့်ဟွားယွဲ့ရဲ့စကားကြောင့် တုကျစ်ရှဲ့ရဲ့ ရီသံတိုးတိုးထွက်ပေါ်လာပေမယ့် သူ့မျက်နှာကတော့ပျော်ရွှင်ခြင်းများ ရှိမနေ။
"ကျွန်တော် ဒီနေ့ပြန်တော့မယ်...ခင်ဗျားကတော့...အေးအေးဆေးဆေးအနားယူလိုက်ပါဦး Mr.တု... ဒီကြားထဲ....ကျွန်တော့်ကိုအနှောင့်အယှက်မဖြစ်စေဖို့ ဂရုစိုက်ပေးပါ"
သွမ့်ဟွားယွဲ့က ထိုင်ခုံကနေထလိုက်ပြီး စားပွဲကိုသာငေးကြည့်နေသည့် တုကျစ်ရှဲ့အား ကြည့်လိုက်သည်။

YOU ARE READING
ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )
عشوائيStarted date - oct23 2022 End date -