မိုးရေတွေက သူ့ရဲ့အနီးနားမှာအေးစက်စွာဖြာကျနေပြီး သွမ့်ဟွားယွဲ့က နာကျင်နေသည့် သူ၏ဝမ်းဗိုက်ကိုအသာအယာဖိကာ ထထိုင်ရန်ကြိုးစားလိုက်သည်။
သူကဒီနေရာကို အတင်းအကြပ်ခေါ်ဆောင်ခြင်းခံခဲ့ရပြီး သူဒီနေရာကိုရောက်လာတဲ့အချိန် ထောင်ဖောက်ထွက်ပြေးသွားသည့် အန္တရာယ်ရှိအကျဉ်းသားတစ်ဦးအဖြစ် သူ့အကြောင်းအား လူသိရှင်ကြားကြေညာပေလိမ့်မည်။
သွမ့်ဟွားယွဲ့ကရိုက်နှက်ခံထားရ၍နာကျင်နေသည့်သူ၏ခန္ဓာကိုယ်ကိုလျစ်လျူရှုကာ ပတ်ဝန်းကျင်အားကြည့်လိုက်သည်။ သူရောက်နေသည့်နေရာက လူအသွားအလာမရှိသည့်တောင်တစ်ခုပေါ်မှာဖြစ်ပြီး သူ့ကိုဖမ်းဆီးလာသည့်လူများက သူ့ကိုကျောပေးကာ တစ်စုံတစ်ရာအားရှာဖွေနေသည်။
သွမ့်ဟွားယွဲ့ကဒီအဖြစ်အပျက်တွေကဘယ်အချိန်မှာဖြစ်ခဲ့သလဲဆိုတာကို ကောင်းကောင်းကြီးမှတ်မိနေဆဲပင်။ သူက တုကျစ်ရှဲ့နဲ့ တချိန်လုံးအဆက်အသွယ်ဖြတ်တောက်ထားပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အားစိုက်ဖြေကြားပြီးနောက် အပြန်တွင် ပင်ပန်းနွမ်းနယ်မှုကြောင့်ကားပေါ်၌သတိလက်လွတ်အိပ်ပျော်သွားခဲ့သည်။
ဘုန်းတော်ကြီးပြောခဲ့သလို ဒီတစ်ခေါက်သူ့ရဲ့အိမ်မက်က ပို၍ကြာလာနိုင်ချေရှိပြီး သူပြန်လည်နိုးထဖို့အခွင့်အရေးတွေကလဲ တဖြေးဖြေးလျော့လာပုံပေါ်သည်။
သွမ့်ဟွားယွဲ့က မျက်မှောင်ကြုတ်၍သက်ပြင်းချလိုက်ပြီး လှုပ်ရှားမှုပြင်းပြင်းထန်ထန်မလုပ်နိုင်သည့်သူ၏ခန္ဓာကိုယ်ကြောင့် စိတ်ညစ်သွားရသည်။ ဒီတခေါက်အိမ်မက်က သူ့ရဲ့အမုန်းဆုံးအဖြစ်အပျက်များထဲမှတစ်ခုဖြစ်ပြီး သိပ်မကြာခင်တွင် သူတို့ကသွမ့်ဟွားယွဲ့ကို တုကွမ်းဝမ်ဆီပို့ဆောင်လိမ့်မည်။
သူကအားယူကာ ထရပ်လိုက်ပြီး ထိုလူတစ်စုအလုပ်များနေသည်ကိုအခွင့်ကောင်းယူကာ ထွက်ပြေးရန်ကြိုးစားလိုက်သည်။အကယ်၍သူထွက်မပြေးခဲ့ရင် တုကွမ်းဝမ်လက်အောက်မှာ နှစ်အနည်းငယ်နေရပြီးနောက် ရွံရှာစရာကောင်းစွာ သေဆုံးရလိမ့်မည်။

YOU ARE READING
ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )
RandomStarted date - oct23 2022 End date -