Part 26

55 3 0
                                    

တောင်ပိုင်းNမြို့တော်သည် အေးချမ်းသာယာသောနယ်မြေတစ်ခုဖြစ်သော်လည်း ထိုအခြေအနေကဟန်ပြမျှသာ။ များပြားလှသောမြေအောက်ဂိုဏ်းများနှင့် အလွန်အမင်းမနှစ်မြို့ဖွယ်ကောင်းသောအဖွဲ့အစည်းများ၏ရှင်သန်ရာမြို့တော်ဖြစ်ပြီး အကျင့်ပျက်ခြစားမှုများနှင့်ပြည့်နှက်နေသည်။ Nမြို့အတွင်းတွင် မရေတွက်နိုင်သော လောင်းကစားရုံများရှိသလို ထူးဆန်းသောကလပ်များနှင့်ပြည့်နှက်နေသည်။

ထိုအဖွဲ့အစည်းများနှင့်တရားမဝင်‌သောမြေအောက်လှုပ်ရှားမှုများအားလုံးသည် ချီမိသားစု၏ထိန်းချုပ်မှုများဖြင့်လွတ်ကင်းမနေပေ။ ချီမိသားစု၏တရားဝင်ကလေးများက မိသားစု၏ပင်မလုပ်ငန်းများကိုထိန်းချုပ်ထားသလို တရားမဝင်ကလေးများသည်လည်း မြေအောက်လုပ်ငန်းများတွင်နေရာတကျစီမံနိုင်ကြသည်။ ချီမိသားစု၏ခေါင်းဆောင် ချီဆဲ့သည်အသက်၅၀ကျော်ပြီဖြစ်သော်လည်း သူ၏လက်အောက်မှကလေးများအားပုံစံတကျဖြစ်အောင်ငယ်ရွယ်စဥ်ကတည်းကထိန်းချုပ်ထားနိုင်ခဲ့သည်။

ချီအိမ်တော်တွင် ချီဆဲ့၏သားများနှင့်သမီးများစွာက အတူတကွစုစည်းနေထိုင်ကြရပြီး ချီဆဲ့၏စောင့်ကြည့်မှုမှအမြဲတစေမရုန်းထွက်နိုင်ကြပေ။ ချီယင်းသည် ချီမိသားစု၏တရားဝင်သားဖြစ်ပြီး သူ၏မိခင်က ချီဆဲ့၏အနှစ်သက်ဆုံးဇနီးသည်ဖြစ်သည်။
ထိုလူက Nမြို့အတွင်းရှိ မိသားစုလုပ်ငန်းများကိုထိန်းချုပ်နိုင်သည်သာမက တရားမဝင်လှုပ်ရှားမှုများအထိအာဏာရှိကာ
ချီဆဲ့၏တန်ဖိုးအထားရဆုံးအမွေဆက်ခံသူလဲဖြစ်သည်။
Nမြို့နှင့်Bမြို့သည် သီးခြားရပ်တည်နေကာ အ‌ကွာအဝေးကျယ်ပြန့်သော်လည်း ချီမိသားစု၏အင်အားကြီးမားပုံက ထိပ်တန်းလျို့ဝှက်ချက်တစ်ခုဟုတ်မနေပေ။

"မစ္စတာသွမ့် မင်းသူ့ကိုရန်စဖို့ကြိုးစားနေတာက မင်းရဲ့အစီအစဉ်လား...ချီယင်း...သူနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ဆိုတာက မင်းအတွက်အရမ်းအန္တရာယ်များလွန်းတယ်...မင်းသေချာစဉ်းစားပါ"

သွမ့်ဟွားယွဲ့က ကျောက်လီ၏လေးနက်နေသည့်မျက်နှာကိုကြည့်ရင်း ပြုံးကာ ခေါင်းခါလိုက်သည်။

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now