တုကျစ်ရှဲ့က မုဒ်ဝကိုကျော်လွန်၍ ကျောင်းဝင်းထဲခြေချလိုက်ချိန်တွင် သူ၏အရှေ့ရှိမြင်ကွင်းက ရုတ်တရက်ပြောင်းလဲသွားသည်။ တုကျစ်ရှဲ့ရပ်တန့်နေသည့်နေရာက အနီရောင်ဆုတောင်းစာရွက်များပျံဝဲနေသည့် သစ်ပင်ကြီး၏အရှေ့တွင် မဟုတ်ပဲ တောင်ကမ်းပါးတစ်ခု၏အစွန်းနေရာတစ်ခုတွင်ဖြစ်နေသည်။
တုကျစ်ရှဲ့ကအံ့အားသင့်မှုနှင့်အတူ ရွေ့လျားနိုင်ရန်ကြိုးစားလိုက်သော်လည်း သူ၏ခန္ဓာကိုယ်ကမူမမှန်စွာပင် ကျောက်ရုပ်သဖွယ်ရပ်တည်နေပြီး တုကျစ်ရှဲ့၏ထိန်းချုပ်မှုအောက်မှလွတ်ကင်းနေသည်။
ခန္ဓာကိုယ်၏ရုန်းကန်မှုများကို ရပ်တန့်လိုက်ကာ တုကျစ်ရှဲ့၏မျက်လုံးများကမှောင်မဲလာသည်။သူကပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်ပြီး အခြေအနေကိုအကဲခတ်လိုက်သည်။
သူအန္တရာယ်ကင်းကြောင်း အတည်ပြုပြီးနောက် တုကျစ်ရှဲ့၏မျက်နှာထက်မှအေးစက်နေသည့်အမူအရာကပျောက်ကွယ်သွားသည်။သို့သော်လည်း ထိုခဏတွင် သူ၏အရှေ့၌ လူတစ်စု၏ပုံရိပ်ပေါ်လာလေသည်။တုကျစ်ရှဲ့က ထိုလူများ၏ပေါ်ပေါက်လာမှုကိုထိတ်လန့်မသွားပေ။သူက အနည်းငယ်သာအံ့ဩသွားရပြီး ထိုလူများကိုစိုက်ကြည့်လိုက်သည်။
"ခွေးမသား ထပ်ပြီးပြေးချင်နေသေးတာလား ပြေးလေ"
"ပိုက်ဆံလေးနဲနဲအတွက်နဲ့ ဒီလိုကောင်မျိုးကို အသည်းအသန်လိုက်ဖမ်းနေရတာ စောက်လုပ်ကိုမဟုတ်ဘူး"
"မင်းပြေးချင်ရင်ထပ်ပြေး...ငါတို့မင်းကိုမတော်တဆသတ်မိရင်တောင် ဒီကျွန်းပေါ်မှာငါတို့ပဲရှိနေတာ...bossကို မင်းကိုယ်မင်းသတ်သေလိုက်ပြီပြောလဲ သူယုံရမှာပဲ"
"အစကတော့ မင်းပုံစံလေးကိုကြည့်ပြီး ကစားလို့ရနိုင်မယ်ထင်ထားတာ အခုတော့...ကျစ် ဒီလောက်ညစ်ပတ်စုတ်ပြတ်နေတာ ထိချင်စိတ်တောင်မရှိတော့ဘူး"
အစောပိုင်းတွင် တုကျစ်ရှဲ့က အံ့အားသင့်နေပြီးဒွိဟဖြစ်နေသည့်စိတ်အခြေအနေကြောင့် ပတ်ဝန်းကျင်နှင့်ထိုလူများကို အပေါ်ယံသာအကဲခတ်ပြီး တိုက်ခိုက်ရန်ပြင်ဆင်ထားခဲ့သည်။ သို့သော်လည်း ဒေါသများပြည့်လျှံနေကာ အော်ဟစ်ဆဲဆိုနေသည့်လူစုကိုကြည့်ပြီးနောက် သူကတစ်စုံတစ်ရာကိုသဘောပေါက်သွားတော့သည်။

YOU ARE READING
ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )
RandomStarted date - oct23 2022 End date -