Part 29

63 6 1
                                    

(warning: ဤအပိုင်းတွင် အသက်ပြည့်ပြီးသူများသာဖတ်သင့်သည့် အကြောင်းအရာ (အနည်းငယ်မျှ) ပါဝင်နေသည့်အတွက်
ချင့်ချိန်စဥ်းစားပြီးမှသာ ဖတ်ရှုပါရန်)

တောင့်တင်းသွားသည့်ခန္ဓာကိုယ်နှင့်အတူ သွမ့်ဟွားယွဲ့၏ခါးသွယ်သွယ်အားထိန်းကိုင်ထားသည့် တုကျစ်ရှဲ့၏လက်များကတင်းကြပ်သွားသည်။ သူ၏အသက်ရှူသံကိုမှားယွင်းသွားအောင်လုပ်ခဲ့သည့်တရားခံလေးက ဒါကိုသတိထားမိပုံပေါ်ပြီး ခပ်ဟဟရီမောသံကိုသူကြားလိုက်ရသည်။

"တုကျစ်ရှဲ့ ခင်ဗျားလဲကျွန်တော့်ကိုသေလောက်အောင်နမ်းပစ်ချင်နေတယ်မဟုတ်လား"

ဆောင့်တက်သွားသည့်နှလုံးခုန်နှုန်းနှင့်အတူ တုကျစ်ရှဲ့၏နက်မှောင်နေသည့်မျက်လုံးများတွင် အစိမ်းဖျော့ရောင်အလင်းတစ်ခုပေါ်လာသည်။ သူကအသက်ရှူနှုန်းကိုပြန်လည်ထိန်းညှိလိုက်ပြီး ထပ်မံရီမောနေပြန်သည့်လူဆိုးလေးအား သတိပေးလိုက်သည်။
"ပေါင်ပေ့ အခုကအချိန်ကောင်းမဟုတ်သေးဘူး ကိုယ့်ကိုမကျီစားပါနဲ့"

တုကျစ်ရှဲ့က ခနတာငြိမ်ကျသွားသည့်သွမ့်ဟွားယွဲ့အား ချော့မော့နိုင်သွားပြီအထင်နှင့်သက်ပြင်းချလိုက်ပေမယ့် သူထပ်ပြီးသတိမထားလိုက်မိခင်မှာ သွမ့်ဟွားယွဲ့၏ကိုယ်လေးကသူ့ရင်ခွင်အတွင်းမှထွက်ပြေးသွားပြီး ပျော့ပျောင်းသွယ်လျသည့်လက်တံရှည်များက သူ့လည်ပင်းကိုယှက်သိုင်းလာခဲ့သည်။

"တုကျစ်ရှဲ့! ခင်‌ဗျား ကျွန်တော့်ကိုချစ်တယ်ပြောပြီး နမ်းဖို့ကျငြင်းတယ် ခင်ဗျားကျွန်တော့်ကိုကစားချင်နေတာလား! ကောင်းပြီ ခင်ဗျားကျွန်တော့်ကိုမနမ်းရင် အိမ်ပြန်ပို့ပေးမယ်ဆိုတဲ့ အဲဒီကောင်စုတ်တွေနဲ့ပဲ ကျွန်တော်လိုက်သွားလိုက်မှာနော်!"

ကျယ်လောင်သည့်စူးရှရှအသံက နေရာတွင်ပင် ထွက်ပေါ်လာပြီး တုကျစ်ရှဲ့အပါအဝင် အားလုံးကတောင့်တင်းသွားရသည်။
စူးရှပေမယ့်ချိုမြိန်သည့်ရီဝေဝေအသံက အစောပိုင်းတွင် လူနှစ်ယောက်အားကိုင်ပေါက်ခဲ့သည့်လူထံမှဟုပင်တွေး၍မရနိုင်ပဲ သူတို့အနီးမှရွှီလန်သည်ပင် ပါးစပ်အဟောင်းသားဖြင့်အကြောင်သားငေးနေမိသည်။

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now