"ကွမ်းဝမ် အဲ့လိုမလုပ်နဲ့လေ ငါတို့ကရုံးခန်းထဲမှာ..."
"ဘယ်သူမှမကြားပါဘူး မင်းအသံကိုထိန်းထား..."
"ငါမရ ...ကွမ်းဝမ် တော်တော့ သူမြင်သွားမယ်"
သွမ့်ဟွားယွဲ့ရဲ့ရှေ့မှာ တံခါးတစ်ချပ်ရှိနေပြီး သူ့လက်တွေကအဲ့ဒီတံခါးလက်ကိုင်မှာမြဲမြံနေပေမယ့် ဆွဲဖွင့်လိုက်ဖို့ တွန့်ဆုတ်နေသည်။
အနည်းငယ်ပွင့်ဟနေတာတောင် ကြားနေရတဲ့ အခန်းတွင်းအသံတွေကြောင့် သူအံကိုတင်းတင်းကြိတ်ထားလိုက်မိပြီး သူ့မျက်လုံးတွေကမယုံကြည်မှုတွေ ထိတ်လန့်မှုတွေနဲ့ပြည့်နှက်သွားသည်။
သူတံခါးကိုဖွင့်ဟလိုက်ဖို့အတွက် အားယူနေစဉ်မှာ
သူ့မျက်ဝန်းတွေထဲမျက်ရည်တွေပြည့်လာသည်။"ကွမ်းဝမ် အဲ့နားကိုမထိနဲ့..."
"မုယောင် မင်းကိုချစ်လိုက်တာ..."
သွမ့်ဟွားယွဲ့ မျက်လုံးကိုစုံမှိတ်လိုက်ပြီး တံခါးရှေ့မှာအရုပ်ကြိုးပြတ် ထိုင်ချလိုက်သည်။သူ့ရင်ဘတ်ထဲကဝမ်းနည်းမှုတွေ နာကျင်မှုတွေကြောင့် အသံကိုမထိန်းနိုင်
တော့ပဲ ကျယ်လောင်စွာအော်ဟစ်ငိုကြွေးလိုက်မိသည်။သူ့ရဲ့ငိုသံတွေကြောင့် အခန်းထဲကနှစ်ယောက်ကတိတ်သွားပြီး ခနအကြာမှာ သူမဖွင့်နိုင်ခဲ့တဲ့တံခါးကပွင့်လာသည်။ တုကွမ်းဝမ်ရဲ့လည်ပင်းတစ်ဝိုက်မှာ မုယောင်ရဲ့နှုတ်ခမ်းနီ
ကြောင့် ပေကျံနေတဲ့အမှတ်အသားတွေရှိနေပြီး မုယောင်ရဲ့အင်္ကျီနှင့် တိုကပ်လှပတဲ့စကပ်က ဖရိုဖရဲဖြစ်ကာ ပုံပျက်ယွင်းနေသည်။သွမ့်ဟွားယွဲ့ သူတို့နှစ်ယောက်ကိုမော့ကြည့်ပြီး ငေးငိုင်နေတုန်းမှာ တုကွမ်းဝမ်ကသွမ့်ဟွားယွဲ့ရဲ့အမူအရာတွေကိုကြည့်ပြီး မျက်နှာကစိတ်ရှုပ်ထွေးတဲ့အမူအရာများ ပေါ်လာသည်။ ဒါပေမယ့် သူ့လက်ကိုကိုင်ပြီး သူ့ကိုအားငယ်ထိတ်လန့်စွာကြည့်နေတဲ့မုယောင်ကိုမြင်ပြီးနောက် သွမ့်ဟွားယွဲ့အပေါ်ရှိနေတဲ့သူ့ရဲ့အားနာစိတ်တွေက ပျောက်ကွယ်သွားသည်။
"ဆိုတော့ မင်းရိပ်မိပြီပေါ့ ငါတို့ဒီလောက်နှစ်တွေအကြာကြီးရှိလာတာတောင် အခုမှရိပ်မိတဲ့မင်းကို တကယ်အံ့ဩမိတယ်သိလား...ဟွားယွဲ့"

YOU ARE READING
ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )
RandomStarted date - oct23 2022 End date -