Part 5

208 26 0
                                    

သင်ခန်းစာတွေက များပြားလွန်းပြီး သူနဲ့10နှစ်ကြာကင်းကွာခဲ့ပေမယ့် သွမ့်ဟွားယွဲ့ကတော့အေးအေးဆေးဆေးပဲဖြတ်ကျော်နိုင်မယ်လို့ သူ့ကိုယ်သူယုံကြည်သည်။
တုကွမ်းဝမ်နဲ့ ပဋိပက္ခဖြစ်ပြီး1ပတ်လောက်အကြာမှာ လူတိုင်းက သွမ့်ဟွားယွဲ့သိသိသာသာပြောင်းလဲနေတာကို သတိထားမိကြပေမယ့် ဘာမှထူးထူးဆန်းဆန်းမတွေးကြဘူး။
ကျန်းဖုဟယ်ကတော့ သေချာပေါက်ကိုကျေနပ်နေတာ။

တုကွမ်းဝမ်ကို ဘယ်လိုနည်းနဲ့မှကိုအမြင်မကြည်နိုင်တဲ့ ကျန်းဖုဟယ်က သူ့ရဲ့မကောင်းတဲ့စိတ်တွေကို အလိုအလျောက်အာရုံရနေတဲ့အတွက် သွမ့်ဟွားယွဲ့ကိုအရမ်းစိတ်ပူပန်နေခဲ့ရသည်။သွမ့်ဟွားယွဲ့နဲ့ ပြသနာဖြစ်ပြီးနောက်မှာ တုကွမ်းဝမ်အပေါ်ထားတဲ့ကျန်းဖုဟယ်ရဲ့အမြင်တွေကပိုပြီးဆိုးဝါးလာခဲ့သည်။

ပြီးတော့ မုယောင်ဆိုတဲ့ သူမ။
ဘာကြောင့်မှန်းမသိပေမယ့် မုယောင်ရဲ့အကြည့်တွေကို ကျန်းဖုဟယ်ကြောက်ရွံ့သည်။ဒါကိုထုတ်မပြပေမယ့် မုယောင်ကို သူသဘောမကျမှန်း သွမ့်ဟွားယွဲ့ကိုပြောပြထားပြီးသား။

သွမ့်ဟွားယွဲ့ရဲ့ပြောင်းလဲလာတဲ့အမူအကျင့်အနည်းငယ်ကို သူအံ့ဩမိပေမယ့် မေးခွန်းတော့မထုတ်ဘူး။လူဆိုတာပြောင်းလဲနိုင်တာပဲ ဒါကကျန်းဖုဟယ်အတွက် အထူးအဆန်းမဟုတ်ဘူး။ သွမ့်ဟွားယွဲ့သာ သူ့ကိုညီအကိုကောင်းအဖြစ်ဆက်ပြီးအသိအမှတ်ပြုထားရင် သူ့အတွက်အဆင်ပြေသည်။

"ရှောင်ဟွား ဂီတဌာနက အစီအစဉ်အသစ်ရှိနေတယ် ဒီနှစ်ရဲ့ကျောင်းတွင်းဂီတပွဲတော်ကို မင်းစိတ်ဝင်စားလား"

သွမ့်ဟွားယွဲ့က သင်ခန်းစာတွေကြည့်နေရင်း မျက်တောင်ဖျားတွေလှုပ်ခတ်သွားတယ်။သူကတည်တည်ငြိမ်ငြိမ်‌ပဲ ကျန်းဖုဟယ်ကို မေးခွန်းပြန်ထုတ်လိုက်သည်။

"မင်းရော.."

"ငါကတော့ သေချာပေါက်ကိုပါတာပေါ့"
ကျန်းဖုဟယ်က မျက်နှာကိုမော့လိုက်ပြီး စိတ်ကြီးဝင်နေတဲ့လေသံနဲ့ပြောလိုက်ပေမယ့် သွမ့်ဟွားယွဲ့ကပြုံးရုံသာပြုံးလိုက်သည်။

ကျန်းဖုဟယ်နဲ့သူက အနုပညာကိုသဘောကျစိတ်ဝင်စားပြီး ငယ်စဉ်ကတည်းက ဂီတတူရိယာမျိုးစုံကို အတူတူလေ့ကျင့်သင်ကြားခဲ့ကြသည်။ ကျန်းဖုဟယ်က bass guitarတွေကိုအလွန်စိတ်ဝင်စားပြီး ကိုယ်ပိုင်music bandတစ်ခုတောင်ဖွဲ့ထားသေးသည်။

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now