Part 1

389 28 0
                                    

အဖြူရောင်လေဟာပြင်ကြီးထဲ သူထိုင်နေခဲ့သည်။
အချိန်အတော်ကြာကြာထိ ရုန်းကန်ပြီးနောက်မှာ သူဒီနေရာမှာပိတ်‌မိနေတာဖြစ်ကြောင်း ကောင်းကောင်းကြီးနားလည်သွားပြီမို့လို့ ငြိမ်ငြိမ်သက်သက်နေပြီး စိတ်အေးအေးထားဖို့ သူဆုံးဖြတ်လိုက်သည်။

သူ့ရဲ့ရှည်လျားသွယ်လျတဲ့ခြေထောက်တွေကို ဖြေးဖြေးချင်းဆွဲယူပြီး လက်တွေနဲ့ယှက်ဖြာလိုက်သည်။အချိန်အကြာကြီးငိုခဲ့ရပြီးပြီမို့လို့ သူအရမ်းပင်ပန်းပြီး ငိုက်မြည်းနေပြီ။

သူပိတ်မိနေသည်။ဒီနေရာမှာ...
အဖြူရောင်တွေချည်းရှိနေပြီး သက်ရှိသက်မဲ့ဘာမှမရှိပဲ သူတစ်ယောက်တည်းရှိသည်။ သူအားအင်ကုန်ခမ်းတဲ့ထိပြေးလွှားပြီးတာတောင် အဖြူရောင်တွေကအဆုံးမရှိဘူး။
သူ့စိတ်ထဲ ပင်ပန်းနွမ်းနယ်မှုနဲ့အတူ ကြေကွဲပျက်သုဉ်းနေသည်။ ခြေထောက်တွေကိုလက်နဲ့ဆွဲဖက်ထားရင်း ဒူးခေါင်းပေါ်မျက်နှာအပ်ပြီး ကျိန်းစက်နေတဲ့သူ့မျက်လုံးတွေကိုအနားယူဖို့တွေးလိုက်သည်။

ဒါပေမယ့် ခနအကြာမှာ သူ့ခေါင်းကဆတ်ခနဲ‌ထောင်လာပြီး အံ့ဩမှုကြောင့် သူ့မျက်ဝန်းတွေပြူးကျယ်သွားသည်။

"မ...မဖြစ်နိုင်ဘူး"

သူထပ်နားထောင်ကြည့်လိုက်ပေမယ့် ဘာအသံမှထပ်မကြားရတော့ဘူး။
ဒါပေမယ့် သူသေချာသိတယ် ခုနတုန်းက သူနဲ့အရင်းနှီးဆုံးလူနဲ့အသံကို သူသေချာကိုကြားခဲ့ရတာ။

"မေမေ...မေမေလား..."

အသံတွေက ခနတာတိတ်ဆိတ်ပြီးနောက်မှာ သူ့ရဲ့နာကျင်နေတဲ့ခြေထောက်တွေကို အားပြုပြီးထရပ်ကာ အသံတစွန်းတစကြားရာနေရာကို သူလိုက်ရှာနေမိသည်။

"မေမေ ဘယ်မှာလဲ ကျွန်တော်မေမေတို့ကို တွေ့ချင်တယ်...တောင်းပန်ပါတယ် ကျွန်တော်...."

သူ့ရဲ့ယိုင်နဲ့နေတဲ့ခြေထောက်တွေက ထပ်ပြီးအားမပြုနိုင်တော့တာမို့ လဲကျသွားပေမယ့် သူ့လက်တွေနဲ့ထောက်ကန်ထားပြီး တုန်လှုပ်စွာထရပ်ဖို့ကြိုးစားလိုက်သည်။

သူ့မျက်လုံးတွေကနီရဲနေပြီး အဆက်မပြတ်ကျနေတဲ့မျက်ရည်တွေက သူ့ရဲ့လည်ပင်းထိတိုင်အောင်စီးကျလာပေမယ့် သုတ်ဖယ်ပစ်ဖို့လက်တွေကမအားလပ်။

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now