Part 28

54 7 0
                                    

"ယို့ ဒါကသခင်လေးသွမ့်မဟုတ်လား ထပ်ဆုံပြန်ပြီနော်"

သွမ့်ဟွားယွဲ့က ဆူညံသံများကြောင့် မျက်မှောင်ကြုတ်သွားရပေမယ့်ဘာမှမပြောပဲ ဖုန်းကိုသာကြည့်နေသည်။ စက္ကန့်ပိုင်းမျှအကြာတွင် သူ၏အရှေ့သို့လူတစ်စုရောက်လာပြီး သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေသည့် ဆူညံသံများထွက်ပေါ်လာတော့သည်။

"သခင်လေးသွမ့်က ဘယ်သူ့ကိုစောင့်နေတာလဲ... စိတ်မရှိရင်ကျွန်တော်တို့လိုက်ပို့ပေးမယ်လေ"

"မင်းကလဲကွာ သခင်လေးသွမ့်ကငါတို့ကားကိုဘယ်စီးပါ့မလဲ သူစောင့်နေတာကတုမိသားစုရဲ့ကားဖြစ်နိုင်တယ်လေ"

"ကြည့်ရတာ သခင်လေးသွမ့်က ပထမသခင်လေးတုကိုမျှော်နေတာထင်တယ် အချိန်ကိုလဲကြည့်ပါဦး စောင့်မနေပါနဲ့တော့ လာပါ ကျွန်တော်တို့ပဲ မင်းကိုလိုက်ပို့ပေးမယ်လေ"

လုရိက ‌အရက်ကြောင့်အသိစိတ်လွတ်လုဆဲဆဲလူတစ်စုနှင့် မျက်လုံးများမှိတ်ထားသည့်သွမ့်ဟွားယွဲ့ကိုကြည့်ပြီး ထေ့ငေါ့ချင်သည့်အပြုံးကဝိုးတဝါးပေါ်လာပေမယ့် အမှောင်ကြောင့်သူ၏မျက်နှာအားမည်သူမှရှင်းလင်းစွာမမြင်ရနိုင်ပေ။

"ရွှီလန် ကျွန်တော်တို့သခင်လေးသွမ့်ကိုမထိတာပိုကောင်းမယ်နော် ဘာပဲဖြစ်ဖြစ်သွမ့်ဟွားယွဲ့က သွမ့်မိသားစုကလေ သူ့ကို မနှောင့်ယှက်ဖို့သူတို့ကိုပြောပေးပါလား"

လုရိရဲ့အသံက ရွှီလန်၏နားရွက်အနောက်ဘက်တွင်ပေါ်ထွက်လာပြီး ရွှီလန်ကသူ၏ပခုံးကိုကိုင်ကာခြေဖျားထောက်၍ခပ်တိုးတိုးပြောနေသည့်လုရိကြောင့် နှလုံးအိမ်တစ်ခုလုံးတုန်ခါရသွားပြီး ခန္ဓာကိုယ်ပါတုန်ယင်သွားသည်။ အရက်၏အရှိန်ကသူ့ကိုပို၍စိတ်ထိရှလွယ်စေပြီး ယခုတွင်သူ၏အနောက်မှလုရိ၏လှုပ်ရှားမှုကလွဲ၍ ကျန်တာကိုသူသတိမပြုနိုင်တော့ပေ။

"လုရိ ကိုယ်မင်းကိုအိမ်ပြန်ပို့ပေးမယ်နော် ကားပါကင်ကနဲနဲမှောင်နေတော့ မင်းကြောက်နေမှာပဲ"

"ကျွန်တော်အမှောင်သိပ်မကြောက်ပါဘူး ဒါပေမယ့်....ဒီနေရာမှာနေရတာသိပ်မပျော်ဘူး"

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now