Part 8

166 23 2
                                    

"သူ ဘယ်သူလဲ"

သွမ့်ဟွားယွဲ့လက်ထဲကရေနွေးခွက်ကို စားပွဲပေါ်တင်ပြီးချိန်ထိ ဖန်းနင်ဆီကနေ စကားသံထွက်မလာဘူး။
သွမ့်ဟွားယွဲ့က သူ့ရှေ့မှာမလှုပ်ရှားပဲ ကျောက်တိုင်လို ရပ်နေတဲ့ဖန်းနင်ကိုစူးစိုက်ကြည့်လိုက်သည်။

"သူဘယ်သူလဲဆိုတာကို ခင်ဗျားသေချာသိလိမ့်မယ်လို့ကျွန်တော်မမျှော်လင့်ထားပါဘူး...‌ဒါပေမယ့် ဖြေရှင်းချက်တခုခုတော့ပေးသင့်တယ်မဟုတ်လား"

သွမ့်ဟွားယွဲ့က လက်ထဲကသွမ့်ချိုး၏လုပ်ငန်းဆိုင်ရာအချက်အလက်တချို့ကိုကြည့်နေပြီး ဖန်းနင်ကိုလျစ်လျူရှုထားလိုက်သည်။
အဖြစ်အပျက်တွေအပြီးမှာ သွမ့်ဟွားယွဲ့ကိုစိတ်ပူပန်နေတဲ့အတွက် သူ့မိဘတွေက ရက်အနည်းငယ်အတွင်းကျောင်းသွားဖို့ခွင့်မပြုထားဘူး။
သွမ့်ဟွားယွဲ့ သတိရလာပြီးနောက်ပိုင်းမှာလဲ ဖန်းနင်ကိုသူခနတဖြုတ်မတွေ့ရဘူး။ ထိတ်လန့်စရာအတွေ့အကြုံအသစ်ကြောင့် ဖန်းနင်လဲအပြစ်ပေးခံရမယ်မှန်းသူသိသည်။

သွမ့်ဟွားယွဲ့ကလက်ထဲက ဖိုင်တွေကိုချလိုက်ပြီး တည်ငြိမ်နေဆဲဖန်းနင်ကို ကြည့်ပြီးနှုတ်ခမ်းထောင့်ကကွေးညွှတ်သွားသည်။ ကြည့်ရတာတော့ ဥက္ကဌသွမ့်က ဖန်းနင်ကိုအလုပ်ဖြုတ်တဲ့ထိတော့ အပြစ်မပေးထားဘူးပဲ။

လူငယ်လေးက တန်ဖိုးကြီးဆိုဖာပေါ်မှာခြေချိတ်ထိုင်နေပြီး လှပတဲ့လက်ချောင်းရှည်သွယ်သွယ်တို့က သူ့ရဲ့ပေါင်ပေါ်တင်ထားတဲ့စာရွက်စာတမ်းတွေကို မနှေးမမြန်လှန်လျောနေသည်။

ဖန်းနင်က အကြည့်ကိုလွှဲလိုက်ပေမယ့် သူ့စိတ်ထဲတုန်လှုပ်မှုအနည်းငယ်ကိုခံစားနေရသည်။သိသိသာသာကိုသူ့ထက်ငယ်ရွယ်တဲ့ အနှီကောင်ငယ်လေးက သူ့ကိုခြိမ်းခြောက်တဲ့အရှိန်အဝါတမျိုးပေးစွမ်းနေနိုင်သည်။

"ကျွန်တော်နဲ့အလုပ်လုပ်ရတာ အခက်အခဲတွေရှိနေမှာပဲ...တကယ်လို့အဆင်မပြေတော့ရင် ဥက္ကဌကိုပြောပြီးရာထူးပြောင်းလိုက်ပါ"

ဖန်းနင်က ချက်ချင်းအံ့အားသင့်ပြီးသွမ့်ဟွားယွဲ့ရဲ့စကားကို ငြင်းဆန်လိုတဲ့အမူအရာတွေပေါ်လာသည်။

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now