Part 19

108 13 0
                                    

သူ့ရဲ့ခန္ဓာကိုယ်က ပေါ့ပါးသွားပြီး အချိန်အကြာကြီးလို့ထင်ရတဲ့ ခဏလေးအတွင်းမှာ သွမ့်ဟွားယွဲ့ရဲ့ကျောပြင်လေးက အေးစက်နေတဲ့ရေပြင်နဲ့ကြမ်းကြမ်းတမ်းတမ်းထိတွေ့သွားသည်။

သွမ့်ဟွားယွဲ့က ကျောပြင်တစ်လျှောက်စပ်ဖျဉ်းသွားတာကို ခေတ္တခံစားလိုက်ရပြီးချိန်မှာ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကိုပင်လယ်ရေကဆွဲယူသွားသည်။

ရေထဲနစ်မြှုပ်သွားသည့်သူ့ရဲ့မျက်လုံးတွေက တောင်ကမ်းပါးပေါ်က လှုပ်ယွနေသည့်လူရိပ်တွေကိုအ‌သေအချာကြည့်လိုက်ပြီးနောက်မှာ မှေးမှိတ်သွားသည်။
သွမ့်ဟွားယွဲ့က ပြုံးလိုက်ပြီး အသက်အောင့်ထားသည်ကိုလျှော့ချလိုက်ကာ သူ၏ခန္ဓာကိုယ်အား ပင်လယ်ကြမ်းပြင်ဆီသို့ယူဆောင်ခွင့်ပေးလိုက်လေသည်။

အေးစက်သော်လည်း နွေးထွေးနေဟန်ထင်ရသည့် ပင်လယ်ရေက သူ့ကိုထွေးပွေ့ထားပြီး နေရောင်ကဖောက်ဝင်လာကာ သွမ့်ဟွားယွဲ့၏ကိုယ်ပေါ်ဖြာကျနေသည်။

အဆုံးမှာတော့ သူ့ရဲ့ရွေးချယ်မှုက ဒီအရာဖြစ်နေခဲ့သည်။
မည်သည့်အရာများဖြစ်လာနိုင်သည်ကို သူမသိပေမယ့် သူတုကွမ်းဝမ်ဆီကို‌တော့ထပ်ပြီးမရောက်ချင်ပေ။ ဒါကသူ့ရဲ့အကောင်းဆုံးနည်းလမ်းပဲ။ သူ့မှာရွေးချယ်ခွင့်မရှိတော့ဘူး။

သွမ့်ဟွားယွဲ့က မျက်လုံးကိုပြန်ဖွင့်လိုက်ပြီး သူ၏အဆုတ်နှင့်အစာအိမ်ဆီ ဆားငန်ရေများပြည့်လာသည့်ခံစားချက်အား အနည်းငယ်ခုခံလိုက်သည်။

အမှန်အတိုင်းပြောရရင်တော့ အကယ်၍သူအခုသေသွားခဲ့ပြီး ပြန်လည်မွေးဖွားခဲ့ချိန်ကို မရောက်ရှိနိုင်တော့ရင်....။
အင်း...သူစိတ်ပျက်မိမှာပဲ။

အဆုံးမှာတော့ သူ့မိဘတွေကိုနှုတ်မဆက်ခဲ့ရဘူး။ သူဖြစ်‌ချင်ခဲ့တဲ့ရည်ရွယ်ချက်အတိုင်း မိသားစုစီးပွားရေးကိုမထိန်းသိမ်းနိုင်သေးဘူး။

သူ ကျန်းဖုဟယ်ကိုလဲ မနှုတ်ဆက်နိုင်ခဲ့ဘူး။
အနာဂတ်မှာ ကျောက်ယွီချင်က သူ့ရဲ့အရေးအပါဆုံးလူဖြစ်လာပြီး သူ့ဘဝအတွက်အကောင်းဆုံးတွေလုပ်ပေးလိမ့်မည်ဆိုတဲ့ကိစ္စကိုလဲ သူထုတ်မပြောရသေးဘူး။

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now