မီဒီယာသမားများနှင့် လေးစားစွာဖိတ်ကြားခြင်းခံထားရသောဂုဏ်သရေရှိလူကြီးမင်းများက ယခုအခါ စစ်ကျုံး၏အနောက်ဆောင်ရှေ့တွင်ရပ်နေကြရင်း ဆူညံနေကြသည်။
လူတချို့က အမည်မသိခံစားချက်ကြောင့် နေရာမှထွက်သွားချင်နေသော်လည်း တုအိမ်တော်၏လူများကတားဆီးထားသောကြောင့် ရေငုံနှုတ်ပိတ်ကာနေရာမှာပင် စိတ်ရှုပ်ထွေးစွာရပ်နေကြရလေသည်။
ဥက္ကဌသွမ့်၏ တစ်ဦးတည်းသောသားက ပွဲတော်တွင်ဖျော်ဖြေရင်းပျောက်ဆုံးသွားကာ ဤနေရာမှလူအချို့က သခင်လေးသွမ့်၏ငယ်ဘဝက ပြန်ပေးဆွဲမှုအား ပြန်အမှတ်ရနေသောကြောင့် သူတို့ကစိတ်ပူပန်စွာ ကူရှာပေးခဲ့ကြလေသည်။
လူအုပ်ကြီးကအစောပိုင်း၌ ဥက္ကဌတု၏နောက်သို့လိုက်ကြရင်း ဤနေရာသို့ရောက်လာကြကာ ပိတ်မိနေကြတော့သည်။
အချို့သောရဲတင်းသူများကအဆောက်အဦးတွင်းဝင်ချင်သော်လည်း တားဆီးခြင်းခံရသောကြောင့် အားလုံးကနေရာတွင်ပင်ရပ်ကာ အခြေအနေကိုစောင့်ကြည့်ရန်သာတတ်နိုင်တော့သည်။မကြာခင်တွင် တုအိမ်တော်၏ခေါင်းဆောင်က မှောင်မဲကာအေးစက်နေသည့်အဆောက်အဦးထဲမှ ထွက်လာကာ နေရာတွင်စောင့်ကြပ်နေကြသည့် အစောင့်များကသူ့ကိုဦးညွှတ်ရင်း အခြေအနေကိုရှင်းပြနေကြသည်။
တုကျစ်ရှဲ့ကိုအာရုံစိုက်နေသော လူအုပ်ကြီးက မကြာမီတွင်သူ့လက်ထဲ၌ တယုတယချီထားကာပွေ့ပိုက်ထားသော အရာတစ်ခုကိုမြင်သွားကြလေသည်။
မီဒီယာသမားများက ရုတ်တရက်သတင်းယူရန်မေ့လျော့သွားပြီး အနှီအရာကိုသာကြည့်နေမိကြတော့သည်။သွမ့်ဟွားယွဲ့၏ ခန္ဓာကိုယ်တစ်ခုလုံးက တုကျစ်ရှဲ့၏လက်ထဲတွင် ထွေးပိုက်ချီပိုးခြင်းခံထားရကာ သူ၏ခန္ဓာကိုယ်ပေါ်တွင် တုကျစ်ရှဲ့ဝတ်ဆင်ခဲ့သော ကုတ်အင်္ကျီအရှည်ကလွှမ်းမိုးထားလေသည်။
သွမ့်ဟွားယွဲ့၏ မျက်နှာကအတန်ငယ်နီရဲနေကာ ချွေးစို့နေပြီး သူ၏နှုတ်ခမ်းများက စေ့ပိတ်နေရာမှ အနည်းငယ်ပွင့်ဟလာကာ လေပူတချို့အားမှုတ်ထုတ်လိုက်လေသည်။အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားခဲ့သည့် အနှီကောင်လေး၏အင်္ကျီကြယ်သီးများက သေချာမသိရသောအကြောင်းများကြောင့် လျော့တိလျော့ရဲဖြစ်နေလေသည်။
ဆူညံမှုတချို့ကြောင့် သွမ့်ဟွားယွဲ့က လက်ဆန့်၍ တုကျစ်ရှဲ့၏လည်ပင်းအား ဖက်တွယ်လိုက်ချိန်တွင် ရင်ဘတ်နေရာကပွင့်ဟလာကာ ထိုနေရာရှိလူအားလုံးက ပင့်သက်ရှိုက်မိသွားပြီး မျက်တောင်ခတ်ဖို့မေ့လျော့သွားကြကာ သွမ့်ဟွားယွဲ့အားစိုက်ကြည့်နေကြလေတော့သည်။

YOU ARE READING
ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )
عشوائيStarted date - oct23 2022 End date -