"သွမ့်ဟွားယွဲ့က ကြားထားတဲ့သတင်းတွေထဲကထက်တော့ ပိုလှတာပဲ"
လုရိရဲ့မျက်နှာကအမှောင်ထဲမှာ အနည်းငယ်ခက်ထန်နေပြီး သီးသန့်အခန်းဘက်ကိုကြည့်ကာ အတွေးနက်နေသည်။"သွမ့်ဟွားယွဲ့ ဘယ်လောက်လှလှ လုရိကိုမှီနိုင်မှာတဲ့လား"
လုရိလဲကျသွားစဉ်က ထိန်းပေးခဲ့သည့်လူကဝင်ပြောလာခဲ့ပြီး သူကလုရိ၏မျက်နှာလေးအား နူးညံ့သည့်အကြည့်ဖြင့်ငေးမောနေလေသည်။ လူအုပ်ကထိုအခါမှလုရိအားလှည့်ကြည့်လာကြပြီး ထိခိုက်မှုရှိမရှိစစ်ဆေးကြတော့သည်။"ရွှီလန် ကျွန်တော်တကယ်ဘာမှမဖြစ်သွားပါဘူး အင်္ကျီပေသွားရုံပါပဲ စိတ်ပူပေးလို့ကျေးဇူးတင်ပါတယ်နော်"
လုရိကချိုမြသည့်အပြုံးဖြင့် သူ့ကိုထိန်းကိုင်ပေးထားသူကိုကျေးဇူးတင်လိုက်ပြီး ရွှီလန်၏မျက်နှာကလုရိကြောင့်နီမြန်းသွားရတော့သည်။ လုရိ၏အနည်းငယ်ရုန်းကန်မှုကိုသတိထားမိသည်နှင့်သူ၏လက်ကိုနှမျောတသဖြစ်စွာလွှတ်ပေးလိုက်သော်လည်း ရွှီလန်၏မျက်နှာတွင်အပြုံးကြီးကြီးရှိနေဆဲပင်။
"မင်းဘာမှမဖြစ်သွားတာတော်ပါသေးတယ် ဒီသွမ့်ဟွားယွဲ့!"
ရွှီလန်၏မျက်နှာကမဲမှောင်သွားကာ သီးသန့်ခန်းဘက်သို့မျက်နှာမူပြီးဆဲရေးလိုက်လေသည်။"ပိုင်းလုံးကောင်ကများ လုရိကိုညစ်ပေသွားအောင်လုပ်ကြံရဲတယ် သူကလုရိနဲ့ငါ့ကိုရန်စလိုက်တာပဲ"
ရွှီလန်၏ဆဲဆိုသံကစင်္ကြန်တစ်လျှောက်ပျံ့သွားပြီး လူအုပ်ထဲရှိရွှီလန်၏နောက်လိုက်များကပိုမိုတက်ကြွသွားတော့သည်။
"ရွှီကောပြောတာမှန်တယ် သွမ့်မိသားစုကချမ်းသာနေတာနဲ့ပဲသူ့ကိုယ်သူဘာများထင်နေတာလဲ သခင်လေးလုနဲ့ရွှီကောလို အရည်အချင်းမရှိပဲ ချမ်းသာတဲ့ယောက်ျားနောက်လိုက်ဖို့ပဲတွေးနေတယ် ရွံစရာကောင်းလိုက်တာ""ငါကြားခဲ့တာတော့ သွမ့်ဟွားယွဲ့ကအထက်တန်းတောင်မပြီးသေးပဲနဲ့ ပထမသခင်လေးတုကိုမြူစွယ်ပြီး သူနဲ့စေ့စပ်ဖြစ်အောင်အတင်းအကြပ်ကြိုးစားခဲ့တာတဲ့"
ရွှီလန်၏မျက်နှာကမှောင်မဲသွားကာ ရွံရှာသည့်အမူအရာကထွက်ပေါ်လာတော့သည်။
![](https://img.wattpad.com/cover/292810937-288-k904783.jpg)
YOU ARE READING
ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )
RandomStarted date - oct23 2022 End date -