"ကလေး မင်းပြောနေတာဘာလဲဆိုတာရော သိရဲ့လား"
"ကျွန်တော်သိပါတယ်..."
သွမ့်ဟွားယွဲ့ ရေနွေးကိုအရသာခံသောက်ရင်းသူ့ကိုစူးစမ်းနေတဲ့ သူ့အဖေကိုတည်တည်ငြိမ်ငြိမ်နဲ့ဖြေပေးလိုက်သည်။
"ဟွားယွဲ့ စီးပွားရေးလုပ်ငန်းတွေကို တကယ်ရောစိတ်ဝင်စားရဲ့လား...မေမေတို့ကမင်းကိုဖိအားမပေးပါဘူး မင်းဘက်ကမင်းဝါသနာပါတာတွေကိုပဲ အာရုံစိုက်ချင်လဲရပါတယ် "
သခင်မသွမ့်ရဲ့စိုးရိမ်မှုပါတဲ့စကားကြောင့် သူ့ရင်ထဲနွေးထွေးသွားကာ ပျော်ရွှင်မှုတစ်ရပ်ကဖုံးဖိမရအောင်ပေါ်လာသည်။
သွမ့်ဟွားယွဲ့ တောက်ပတဲ့အပြုံးလေးနဲ့အတူ သူ့မိခင်ရဲ့ဘေးနားသွားလိုက်ပြီး သူမကိုဖက်တွယ်လိုက်သည်။ရင်ခွင်ထဲရောက်လာပြီးချွဲနေတဲ့ သားကို စုန့်ယွီက အမြတ်တနိုးကြည့်ပြီး သူမမျက်နှာမှာကျေနပ်မှုအရိပ်အယောင်တွေစွန်းထင်းလာရသည်။
"ကျွန်တော်ဆုံးဖြတ်ပြီးသွားပြီ ကျွန်တော်သွမ့်လုပ်ငန်းစုကို လက်လွှဲယူနိုင်တဲ့ထိသင်ယူပြီး အကောင်းဆုံးထိန်းသိမ်းချင်တယ်..."
သူ့စကားကြောင့် သွမ့်လုချီကအကျယ်ကြီးအော်ရီလိုက်ပြီး စုန့်ယွီကတော့အလိုမကျသလို ကြည့်လာသည်။
"ယွဲ့အာ မင်းပြောနေတဲ့ပုံစံက ဒီအဖေရဲ့လက်ထဲကနေတစ်ခုခုကိုလုယူတော့မလိုဖြစ်နေပြီ..ကောင်စုတ်လေးရဲ့"
"သွမ့်လုချီ ရှင်စကားကိုဘယ်လိုပြောနေတာလဲ...ဒါကျွန်မတို့ရဲ့အဖိုးတန်ကလေးလေးနော် "
စုန့်ယွီရဲ့ဆူပူမှုကြောင့် သွမ့်လုချီရဲ့ရီသံကပိုပြီးကျယ်လောင်လာသည်။
"ကိုယ်က သူ့စကားကိုသဘောကျလို့ပါ"
စုန့်ယွီက စိတ်အေးလက်အေးဖြစ်နေတဲ့ သူ့အမျိုးသားကိုမျက်စောင်းဝင့်လိုက်ရင်း သွမ့်ဟွားယွဲ့ကိုပူပန်စိတ်က ထွက်ပေါ်လာသည်။
"ဒါပေမယ့် ယွဲ့အာ သားကဒီကိစ္စတွေကိုအာရုံစိုက်ဖို့အရမ်းငယ်လွန်းသေးတယ် သားကအခုမှအထက်တန်းပဲရှိသေးတယ် လုပ်ငန်းစုကိုလွှဲပြောင်းပေးဖို့က မခက်ဘူး သွမ့်မိသားစုမှာအမွေဆက်ခံသူက သွမ့်ဟွားယွဲ့ဆိုတဲ့ မင်းပဲရှိတာ မေမေတို့ပိုင်ဆိုင်သမျှက မင်းအတွက်ပဲလေ "

YOU ARE READING
ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )
عشوائيStarted date - oct23 2022 End date -