Part 22

96 10 0
                                    

အတိတ်ကာလမှလွတ်မြောက်လာနိုင်ခဲ့ကြပေမယ့် သွမ့်ဟွားယွဲ့ရဲ့အကြောက်တရားကတော့ ပြေလျော့မသွားပေ။ သတိလက်လွတ်မဖြစ်အောင်အမြဲဂရုစိုက်နေပြီး ယခင်အဖြစ်များက သွမ့်ဟွားယွဲ့ရဲ့စိတ်ထဲကစိတ်မလုံခြုံမှုအနည်းငယ်ကိုသာ ပျောက်ကွယ်သွားစေသည်။

တုကျစ်ရှဲ့က သွမ့်ဟွားယွဲ့၏အနီးတွင် အမြဲတွယ်ကပ်နေတတ်ပြီး သူသည်လည်းဒါကိုနေသားကျလာခဲ့သည်။
သွမ့်ဟွားယွဲ့၏ဝင်ခွင့်စာမေးပွဲရလဒ်များကထွက်ပေါ်လာခဲ့ပြီး သူကနဂိုစိတ်ကူးများအတိုင်း မြို့တော်ရှိအကောင်းဆုံးစီးပွားရေးဆိုင်ရာတက္ကသိုလ်တစ်ခုကိုသာရွေးချယ်တက်ရောက်ခဲ့သည်။

ဥက္ကဌသွမ့်နှင့်ဇနီးဖြစ်သူက သူ့ကိုလိုက်လျောပေးခဲ့ပေမယ့် သူတို့ရဲ့စိတ်ထဲ ကျေနပ်ပီတီဖြစ်မှုနှင့်အတူ သွမ့်ဟွားယွဲ့၏အလဟသဖြစ်သွားရတော့မည့် ဝါသနာများအတွက်လည်းဝမ်းနည်းခဲ့ရသည်။

ဂီတကိုရူးသွပ်လွန်းသည့် ကျန်းဖုဟယ်ကတော့ရလဒ်များထွက်ပြီးသည်နှင့် အနုပညာတက္ကသိုလ်တစ်ခုကို အလျင်အမြန်ရွေးချယ်ခဲ့သည်။ ကျန်းမိသားစု၏အငယ်ဆုံးသားအနေဖြင့် ကျန်းဖုဟယ်၏ရွေးချယ်မှုက ကျန်းမိသားစုကိုအလွန်အမင်းဒေါသထွက်စေခဲ့ပြီး သူ့ကိုရက်အတော်ကြာပိတ်ထားခဲ့ကြသည်။

ကျန်းမိသားစုအပေါ်အမြင်ကောင်းမရှိသည့် သွမ့်ဟွားယွဲ့က သွားရောက်ခေါ်ဆောင်လိုပေမယ့် တုကျစ်ရှဲ့ကတားမြစ်ခဲ့ပြီးနှစ်သိမ့်ပေးခဲ့သည်။

"မစိုးရိမ်ပါနဲ့ ကျန်းဖုဟယ်အတွက်အကူအညီတွေအများကြီးရှိနေပြီးသားပါ"

သွမ့်ဟွားယွဲ့က ခေါင်းကိုမော့ကာ တုကျစ်ရှဲ့ကိုစိုက်ကြည့်ခဲ့ပေမယ့် ဘာမှမပြောခဲ့ပေ။
နောက်တစ်နေ့တွင် ကျန်းမိသားစုထံမှ ကျန်းဖုဟယ်အားအမွေဖြတ်စွန့်လွှတ်ကြောင်း ကြေညာခဲ့ပြီး ကျန်းဖုဟယ်၏အမည်စာရင်းအား ကျန်းမိသားစုမျိုးရိုးမှထုတ်ပယ်ခဲ့သည်။

"မင်းတကယ်အဆင်ပြေရဲ့လား ဖုဟယ်"

သွမ့်ဟွားယွဲ့က  သူ၏ဘေးတွင် ကြက်ကြော်စားရင်း တီဗီကြည့်ကာအလုပ်များနေသည့် ကျန်းဖုဟယ်ကိုကြည့်ကာ မေးမြန်းလိုက်သည်။

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now