Part 24

64 7 0
                                    

သွမ့်ချိုး၏ပင်မရုံးချုပ်က Bမြို့အလည်တွင်ရှိပြီး ခမ်းနားထည်ဝါသည့်အထပ်မြင့်အဆောက်အဦးတစ်ခုလုံးတွင်နေရာယူထားသည်။ သွမ့်ဟွားယွဲ့၏တက္ကသိုလ်နှင့်အတန်ငယ်ဝေးကွာသော်လည်း သူ၏အတန်းများပြီးဆုံးသည်နှင့် အလုပ်လုပ်ရန်အတွက် သွမ့်ချိုးသို့နေ့စဉ်သွားရောက်တတ်သည်။

တုကျစ်ရှဲ့က သူ၏ဘေးခုံတွင်မျက်စိမှိတ်ကာအနားယူနေသည့် သွမ့်ဟွားယွဲ့ကိုကြည့်ပြီး ကားတွင်းအပူချိန်ကိုချိန်ညှိလိုက်သည်။
ဖန်းနင်က ဒရိုက်ဘာဘေးခုံတွင်နေရာယူထားကာ သွမ့်ဟွားယွဲ့အစား စာရင်းများကိုကြည့်ရှုစစ်ဆေးပေးနေလေသည်။
မိနစ်ပိုင်းမျှအကြာတွင် အိပ်စက်နေသည့်သွမ့်ဟွားယွဲ့က မျက်လုံးပွင့်လာကာ မှန်တဖက်ရှိမြင်ကွင်းကိုကြည့်လိုက်သည်။

"ခနလောက်ပိုအနားယူလိုက်ပါဦး...မင်းအခုတလောအရမ်းပင်ပန်းနေတာ"

သွမ့်ဟွားယွဲ့၏အကြည့်က သူ့ကိုယ်ပေါ်လွှမ်းခြုံပေးထားသည့် တုကျစ်ရှဲ့၏အပေါ်ထပ်ကုတ်အင်္ကျီဆီရောက်သွားပြီး မသိစိတ်အရ အသာအယာပွတ်သပ်လိုက်သည်။

"‌ဒီလောက်နဲ့အဆင်ပြေပါတယ်...ကုမ္ပဏီရောက်ဖို့သိပ်မှမလိုတော့တာ"

အလိုမကျသည့်အမူအရာကတုကျစ်ရှဲ့၏မျက်နှာပေါ်တွင်သိသိသာသာပေါ်လာပေမယ့် သူကဘာမှဆက်မပြောတော့ပေ။ အဲဒီအစား သွမ့်ဟွားယွဲ့၏လက်လေးများကိုဆွဲယူကာ အသာအယာနှိပ်နယ်ပေးနေတော့သည်။

"ဖန်းနင်...ကျွန်တော်ပြောတဲ့အတိုင်းစစ်ကြည့်ပြီးပြီလား"

ဖန်းနင်က ခန္ဓာကိုယ်ကိုစောင်းလိုက်ပြီး သွမ့်ဟွားယွဲ့ဆီဖိုင်ကိုကမ်းပေးလိုက်ကာ
"ကျွန်တော် စစ်ဆေးပြီးပါပြီ...သခင်လေးပြောတာမှန်ပါတယ် စာရင်းကကွာနေပြီး သေချာမကြည့်ရင်သတိမထားမိနိုင်ဘူး...အဓိကပြသနာကကုန်ကြမ်းမှာပါ..."

"အင်း ...ဒီတခေါက်ကုန်ကြမ်းအတွက် တာဝန်ခံကဘယ်သူလဲ "

"ဒီတခေါက်ကုန်ကြမ်းအတွက် တာဝန်ယူထားတာက...ဒါရိုက်တာယဲ့ရဲ့အဖွဲ့ကပါ"

တုကျစ်ရှဲ့ရဲ့ နှိပ်နယ်ပေးနေမှုကိုအာရုံစိုက်နေသည့် သွမ့်ဟွားယွဲ့ကမျက်လုံးများမှေးစင်းသွားကာ
"ယဲ့ဖုန်းလီလား"

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now