Part 11

162 22 0
                                    

" Congratulations ဟွားဟွား...ပွဲတော်နေ့တော့ ငါ့ကိုခေါ်သွားနော်...အိမ်မှာနားနေရတာအရမ်းပျင်းလို့သေတော့မလိုပဲ"

ကျန်းဖုဟယ်က ကုတင်ပေါ်ထိုင်ကာသူ့ကိုမှီရင်း မကျေမနပ်ပြောနေသည်ကိုကြည့်ပြီး သွမ့်ဟွားယွဲ့ကရီလိုက်သည်။

"ဟုတ်ပါပြီ...အဲ့‌နေ့တော့ မင်းကိုလိုက်ခွင့်ပြုမယ် ပြီးရင်နောက်နေ့တွေကစပြီး မင်းအတန်းပြန်တက်လို့ရပြီ"

"တကယ်! အိုက်ယား ငါ့ဟွားဟွားအကောင်းဆုံး...ငါတကယ်ကိုပျင်းလို့သေတော့မလိုခံစားနေရတာ ပြီးတော့ အဲ့ဒီလူဆိုးကောင်က နေ့တိုင်းနီးပါးဘာလာရှုပ်နေမှန်းကိုမသိတာ...စိတ်ရှုပ်တယ်"

ကျန်းဖုဟယ်သတိရသည့်နေမှစ၍ ကျောက်ယွီချင်က သူ့အိမ်သို့နေ့တိုင်းနီးပါးလာကာ ကျန်းဖုဟယ်ကိုကြည့်ပေးတတ်သည်။ သွမ့်ဟွားယွဲ့က ဝင်မပါပဲ ဒီတိုင်းထားသော်လည်း ကျန်းဖုဟယ်ကတော့ အလွန်အမင်းစိတ်အနှောင့်အယှက်ဖြစ်နေပုံပင်။

"သူမင်းကိုဂရုစိုက်လို့နေ့တိုင်းလာကြည့်ပေးနေတာပေါ့"

"အဲ့ဒါတော့အဲဒါပေါ့....ဒါပေမယ့်လဲ....လိုမှမလိုအပ်တာ....ဖြစ်နိုင်ရင် ငါသူ့မျက်နှာကိုတောင်မမြင်ချင်ဘူး"

"မင်းမမြင်ချင်ရင် ကိုယ်မင်းကိုထပ်မနှောင့်ယှက်တော့ပါဘူး..."

ကျန်းဖုဟယ်က ရုတ်တရက်တံခါးနားမှထွက်ပေါ်လာသည့်အသံကြောင့် လန့်ဖျပ်သွားကာ တကိုယ်လုံးတုန်တက်သွားသည်။ ကျောက်ယွီချင်က ထိတ်လန့်သွားသည့်သူ့ကို ခနတာစိုက်ကြည့်ပြီးနောက် သက်ပြင်းချကာ နေရာမှလှည့်ထွက်သွားလေသည်။

"သူ...သူစိတ်ဆိုးသွားတာလား"

"မင်းကဘယ်လိုထင်လို့လဲ..."

သွမ့်ဟွားယွဲ့က တွေဝေကာငြိမ်သက်သွားသည့်ကျန်းဖုဟယ်ကို ကြည့်ပြီး တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ သူကအနာဂတ်ကိုကြိုသိခဲ့သည်ဆိုရင်တောင် သူတပါးကိစ္စကိုဝင်ပါဖို့လောက်ထိ စိတ်အားမထက်သန်ပေ။ သို့သော်ကျန်းဖုဟယ်၏ ပုံစံကိုကြည့်ပြီး သွမ့်ဟွားယွဲ့၏စိတ်ထဲ အနည်းငယ်ချိန်ဆနေမိလေသည်။

ဤပန်းပွင့်ငယ်၌ အဆိပ်ရှိသည် (ဤပန်းပြင့်ငယ်၌ အဆိပ်ရွိသည် )Where stories live. Discover now