Jennie Pov
ကျွန်မသူ့ကို ကြည့်လိုက်တော့ သူကျွန်မကိုပြုံးပြလိုက်ပြီး ကျွန်မလက်လေးကို ဖွဖွလေးဖျစ်ညှစ်လိုက်တယ်။ ကျွန်မတို့ နှစ်ယောက်ကားမောင်းပြန်နေကြတာဖြစ်ပြီး ရင်တွေခုန်နေတာ မရပ်တော့ဘူးဖြစ်နေတယ်။
"ဘေဘီ စိတ်အေးအေးထားပါ။ အကုန်လုံးက မင်းကိုဝိုင်းချစ်ကြမှာ။ မင်းအိမ်လို့ခံစားသွားရစေမယ်လို့ ကိုယ်အာမခံ တယ်" သူကညင်ညင်သာသာလေးပြောလိုက်တယ်။
ကျွန်မသူ့ကိုကြည့်ပြီး ပြုံးပြလိုက်တယ်။
သူကျွန်မကိုလက်ထပ်ခွင့်တောင်းခဲ့တာ နှစ်ပတ်ကြာခဲ့ပြီးဖြစ်တယ်။ ကျွန်မကလဲ တုံ့ဆိုင်းနေခြင်းမရှိပဲ ချက်ချင်း သူ့လက်ထပ်ခွင့်ကို လက်ခံခဲ့တယ်။ လက်မခံပဲ ဘယ်လိုနေနိုင်မှာလဲ။ သူကကျွန်မစိတ်ကူးထဲကသူပဲ။ အရမ်းပြည့်စုံလွန်း နေတဲ့လူတစ်ယောက်။ သူကရုပ်ရည်လဲချောမောပြီး စိတ်ရှည်ကြင်နာတတ်တဲ့လူတစ်ယောက်ပဲ။ သူလက်ထပ်ခွင့် တောင်းပြီးတဲ့နောက်မှာ ကျွန်မတို့စေ့စပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ သူကလဲ ကျွန်မကို သူ့မိသားစုနဲ့ မိတ်ဆက်ပေးချင် နေတယ်။
အခုတော့ ကျွန်မတို့နှစ်ယောက် သူ့မိသားစုအိမ်ကိုရောက်လာကြပြီ။ ဝန်းအကျယ်ကြီးနဲ့ အိမ်ခပ်ကြီးကြီးတစ်လုံးရှေ့မှာ သူကားရပ်လိုက်တော့ အိမ်ကိုကြည့်လိုက်ပြီး ပျော်ရွှင်မှုကို ခံစားလိုက်ရတယ်။ သူကားတံခါးဖွင့်ပြီး ကားပေါ်က ဆင်းလိုက် တယ်။ သူ့ကို လူကောင်ကြီးကြီးနဲ့ သဘောကောင်းပုံရတဲ့ အမျိုးသားတစ်ဉီးက ဖက်လိုက်တယ်။ သူတို့ အချင်းချင်းနှုတ်ဆက်လိုက်ကြပြီး ရယ်မောလိုက်ကြတာကို တွေ့ရတယ်။ ကျွန်မကားပေါ်က အသာလေးဆင်းလိုက်ပြီး အဝတ်အစားသပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်လိုက်တယ်။ သူ့အကိုလို့ ထင်ရတဲ့လူက ကျွန်မဆီကို လျှောက်လာတာကို တွေ့ရတယ်။
"Hi ကိုယ်က Hanbin ပါ" အဲ့ဒီလူကပြုံးပြီး လက်ကမ်းပေးလိုက်တယ်။
"Hey Hanbin. ကျွန်မက Jennie ပါ" ကျွန်မပြုံးပြလိုက်ပြီး သူ့ကိုလက်ဆွဲနှုတ်ဆက်လိုက်တယ်။
"ဒီ Idiot နဲ့စေ့စပ်ပွဲအတွက် ဂုဏ်ယူပါတယ်" Jimin က Mino ကိုဖက်ပြီးပြောလိုက်တယ်။

YOU ARE READING
နှောင်ကြိုး (Jenlisa)
Fanficမိန်းကလေးတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ ကျွန်မတစ်ခါမှ မစဉ်းစားမိခဲ့ဘူး.... Jennie Kim မတူညီတဲ့ ဘဝနှစ်ခု ချစ်ခြင်းမေတ္တာမှာ ကျရှုံးသွားတဲ့အခါ ... အချစ်ကနာကျင်မှုတွေပဲ သူတို့နှစ်ယောက်ဆီကို ယူလာပေးတဲ့အခါ... Jennie နဲ့ Lisa တို့ရင်ဆိုင်နိုင်ကြမှာလား...