ခင်ပွန်းလောင်း၏ မာယာပရိယာယ် Part(2)

6.5K 198 2
                                    

           ခင်ပွန်းလောင်း၏ မာယာပရိယာယ်

                         အခန်း   (၂)

" မေမေ ဘာချက်လဲ... "

ပန်ပန် အိမ်ပြန်ရောက်လို့ ရေချိုး သနပ်ခါးလူးပြီးတော့... မီးဖိုခန်းက သစ်သားထမင်းစားပွဲဝိုင်းလေးဘေးမှာ ဝင်ထိုင်ရင်း... ပန်ပန်အတွက် ထမင်းခူးပေးနေသည့် မေမေ့ကို မေးလိုက်သည်။

ထမင်းခူးပြီးသွားတဲ့ မေမ က ထမင်းပန်းကန်ကို
ပန်ပန်ရှေ့လာချပေးရင်း...

" သမီးတို့ မောင်နှမ အကြိုက် ဘဲဥကို မကျည်းရည်လေးနဲ့ မဆလာလေးအုပ်ပြီး ချက်ထားတယ်
။အရည်သောက်ဟင်းရည်က ပဲရာဇာကို ကြက်သွန်နီပါးပါးလေးလှီးထည့်ပြီး ပဲကြာဇံလေးနဲ့ နူးအိနေအောင်ချက်ထားတယ်။မေမေ မနက်က စျေးကနေဝယ်လာတဲ့ ရေသရက်ကင်းနဲ့ ခြံထဲက စိုက်ထားတဲ့ သခွားသီး၊ခရမ်းကျွတ်သီးလေးတွေကို တို့စားစရာလုပ်ထားတယ်။ငါးပိကို ပုဇွန်မျှင်ငါးပ်ိလေးကျိုပြီး၊မေမေကိုယ်တိုင် လှော်ထောင်းထားတဲ့ ငရုပ်လှော်ထောင်းလေးနဲ့ ဖျော်ထားတယ် "

ဒေါ်ဝေဝေ ချက်ပြုတ်ထားတာတွေကို နူတ်မှ
ပြောပြရင်း... ထမင်းစားမယ့် သမီးငယ်ဘေးမှာ
ဝင်ထိုင်လိုက်သည်။

" ဝိုး... ဗိုက်တော့ ခွေးနမ်းပါပြီ မေမေရေ... "

" အဟင်း..  ကြိုက်တယ်ဆိုပြီး တအားလည်း
မစားနဲ့နော်။ညဘက်ကြီး ဗိုက်ပြည့်နေမယ် "

" ဟုတ်ကဲ့ မေမေ။ကိုကိုရော စားပြီးသွားပြီလား "

" မစားရသေးဘူး သမီးရဲ့... မနက်စောစော စျေးချိုကိုက ပန်းသည်ဆိုင်တွေကို ပို့ပေးရမယ့် နှင်းဆီနဲ့ ဂန္ဓမာတွေကို စီးနေကြတယ်။မေမေ စောနက သွားကြည့်ပြီး ပြန်လာတော့ စီးဖို့သိပ်တော့ မကျန်တော့ပါဘူး "

" ပန်ပန် ဒီနေ့တော့ ကိုကို့ ကို မကူပေးနိုင်တော့ဘူးနော် မေမေ။ဒီနေ့ နည်းနည်း ပင်ပန်းနေလို့
စောစောအနားယူချင်လို့ပါ "

" နားပါ သမီးရဲ့... သမီးကိုကိုကလည်း သမီးကို
ပန်းစိုက်ခင်းထဲက အလုပ်တွေ ဝင်ကူတာ သိပ်ကြိုက်တာ မဟုတ်ဘူး။သမီး ကိုကို က သမီး ကို ဘာမှကို မလုပ်ခိုင်းချင်တာ။အာ့ကြောင့် ပင်ပန်းနေရင် စောစောနားလိုက် "

ခင်ပွန်းလောင်း၏ မာယာပရိယာယ် CompletedWhere stories live. Discover now