ခင်ပွန်းလောင်း၏ မာယာပရိယာယ် Part(29)

4.3K 118 1
                                    

             ခင်ပွန်းလောင်း၏ မာယာပရိယာယ်

                           အခန်း   (၂၉)

.

.

.

" မေမေ "

" ဟော... ပြန်လာကြပြီလား။အစောကြီးပဲ။မေမေတို့က နေ့လည်လောက်မှ အေးအေးဆေးဆေး ပြန်လာမယ်လို့ ထင်နေတာ "

ဒေါ်ပပမျိုးမောင် သူ့ကို မြင်တာနဲ့ အနားကို အပြေးလာပြီး... ရင်ခွင်ထဲတိုးဝင်ပြီး ဖက်တွယ်လာတဲ့ ချွေးမလေးကို ပြန်လည်ထွေးဖက်ရင်း ပြောတော့...

စူပုတ်ပုတ် မျက်နှာလေးနှင့် သားကို တိုင်ပါတော့သည်။

" မေမေ့သား လူကြီးပေါ့။ပန်ပန် က အိပ်ရေးမဝသေးတာကို သူ့အလုပ်ရှိလို့ဆိုပြီး အစောကြီး နိုးတယ်လေ "

" အဟင်း... ဒါဆို မေမေ့သမီးလေး က အိပ်ရေးမဝသေးဘူးပေါ့ "

" အင်း... ပန်ပန် က အိပ်ချင်သေးတာ "

" အဲ့ဒါဆို အပေါ်မှာ သွားအိပ်လေ။သမီးတို့အတွက် အိပ်ခန်းက ပြင်ထားပြီးသား "

" ဟီး... အာ့ဆို ပန်ပန် သွားအိပ်လိုက်အုံးမယ် "

" အင်း... သွားအိပ် သမီး "

ပန်ပန် နေ့လည်ပိုင်း အလုပ်သွားရမှာမို့...
အခုမနက်ပိုင်းကိုတော့ အိပ်ချင်သေးသည်လေ။ယောက္ခမ မေမေဆီက အိပ်ဖို့ ခွင့်ပြုချက်ရတာမို့
... ပန်ပန် အပေါ်ကို တက်လာခဲ့လိုက်သည်။

" သား ဘာလို့ အစောကြီး ပြန်လာတာလဲ။သမီးက အိပ်ချင်နေတာကို "

ဓန ကားနေရာချပြီး အိမ်ထဲဝင်လာတာနဲ့ မေမေ
က ပြောတော့သည်။

" အလုပ်လေးပေါ်လာလို့ပါ မေမေ။ဘေဘီ့ ကို မနိုးချင်ပါဘူး။ဟိုတယ်မှာ တစ်ယောက်တည်း အိပ်ကျန်နေမှာကို စိတ်မချလို့... နိုးပြီး ခေါ်လာတာပါ "

" သားအလုပ်တွေက များမှန်း မေမေ သိပါတယ်။
ဟန်းနီးမွန်းခရီးကို ဘယ်နေ့ သွားဖို့ လုပ်ထားလဲ။သမီး က မပြောရင်တောင် သား က အလိုက်တသိနဲ့ ဦးဆောင်ပြီး လုပ်ပေးရမယ်လေ "

" ကျွန်တော် နောက်အပတ်ထဲကို ကိုရီးယားကို
အလုပ်ကိစ္စနဲ့ သွားဖို့ရှိတယ်။အဲ့ဒီခရီးမှာ ဘေဘီ့ ကို တစ်ခါတည်း ခေါ်သွားမှာပါ။အလုပ်ပြီးတာနဲ့
ဘေဘီ သွားချင်တဲ့ နိုင်ငံကို ဟန်းနီးမွန်းခရီးကို တန်းသွားမှာပါ "

ခင်ပွန်းလောင်း၏ မာယာပရိယာယ် CompletedTempat cerita menjadi hidup. Temukan sekarang