ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၂၂)
.
.
.
" လူကြီး! "" ကျွီး! "
" အမလေး... "
ရုတ်တရက်ကြီး ကားကိုလမ်းဘေး ထိုးချပြီး
လိုက်သည့် လူကြီးကြောင့်... ပန်ပန်မှာ အလွန်မင်လန့်သွားရသည်။လူကြီး ကို အရမ်းလည်း စိတ်တိုမိသွားသည်။
" လူကြီး! "
" ကိုယ် ရှင်းပြချက်တွေ မကြားချင်ဘူးလို့... ပြောပြီးပြီမလား... ဘေဘီ "
ဘာမှတောင် မပြောရသေးဘူး၊စကားကို ဖြတ်ပြောတဲ့ လူကြီး။ပန်ပန် က သူ မကြိုက်တာ လုပ်လို့ စိတ်ဆိုးတာကို နားလည်ပါတယ်။
ဒါမယ့် အတ္တကြီးပြီး ဖြေရှင်းချက်လေးတောင်
ခွင့်မပေးတာက တော်တော်ကိုမှ လွန်ပါသည်။ပြဿနာတစ်ခု ဖြစ်တိုင်း အခုလိုမျိုး ရှင်းပြခွင့်တောင် မပေးရင်၊ပန်ပန်နဲ့ လူကြီးကြားမှာ ရေရှည်က အဆင်ပြေမည် မဟုတ်။အဲ့ဒီတော့ အခုရှုပ်မှ
နောင်ရှင်းဆိုသလိုမျိုး... ဒီနေ့ကိစ္စကို ဒီနေရာမှာတင် ဖြေရှင်းဖို့... ပန်ပန် ဆုံးဖြတ်လိုက်သည်။ချလိုက်တဲ့ ဆုံးဖြတ်ချက်နဲ့အတူ ဘေးနားက အသက်ရှူသံပြင်းပြင်းနဲ့ ပန်ပန့် ကို စိတ်ဆိုးနေတဲ့
လူကြီး အား... မှုန်ကုတ်ကုတ်လေးနဲ့ ကြည့်ကာ...." ပြဿနာတစ်ခု ဖြစ်လာရင် နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့ ဖြေရှင်းရမှာ မဟုတ်ဘူးလား။ဘာလို့ တစ်ဖက်ပိတ်စိတ်ကြီးနဲ့ ရှင်းပြချက်တွေ မကြားချင်ဘူး၊နားမထောင်ချင်ဘူးလို့ ပြောနေရတာလဲ။အခုကိစ္စမှာ ပန်ပန် မှားနေရင်တောင် ပန်ပန့်အမှားအတွက် ဖြေရှင်းခွင့်ပေးရမှာ၊ပန်ပန့်ရဲ့ဖြေရှင်းစကား ကို နားထောင်ပေးရမှာ၊အဆင်ပြေအောင် ညှိနှိုင်းပေးရမှာက လူကြီးတာဝန်လေ။ဘာလို့ ကိစ္စသေးသေးလေးကို အကြီးကြီးဖြစ်အောင် လုပ်ချင်ရတာလဲ။ဘာလို့ အတ္တကြီးရတာလဲ "
" အဟွန်း... ရှင်းပြချက်ပေးတဲ့ စကားထက်၊ဘေဘီ့ ကို ကိုယ့်စကားတွေကို နားထောင်စေချင်မိတာက အတ္တကြီးတယ်တဲ့လား... "
