ခင်ပွန်းလောင်း၏ မာယာပရိယာယ် Part(23)

4.1K 136 0
                                    

ခင်ပွန်းလောင်း၏ မာယာပရိယာယ်

အခန်း (၂၃)

.

.

" မေမေရယ်... ဒါတွေကို ဘာလို့ ဝယ်ရတာလဲ။ပိုက်ဆံတွေ ကုန်တာပေါ့ "

" မကုန်ပါဘူး သမီးရဲ့...၊မေမေနဲ့ ကိုကို က သမီးကို သီတင်းကျွတ်လက်ဆောင်အနေနဲ့ရော၊လက်ထပ်တော့မယ့် သမီးကို မင်္ဂလာဦးလက်ဖွဲ့အနေနဲ့ရော ပေးချင်လို့... သွားဝယ်ထားတာ။မေမေနဲ့ ကိုကို ရွေးလာတာ ကြိုက်ရဲ့လား... "

မေမေ က ကိုကိုနဲ့အတူ ပန်ပန့်အတွက် သွားဝယ်ထားတဲ့... ပတ္တမြားလည်ဆွဲ၊လက်ကောက်၊လက်စွပ်နဲ့ နားဆွဲထည့်ထားတဲ့ ကတ္တီပါဘူးလေးကို ပန်ပန့်ရှေ့ကို ထိုးပေးရင်း မေးတော့...

" ကြိုက်တော့... ကြိုက်တာပေါ့။ဒါမယ့် မေမေတို့အတွက် အသုံးလိုတဲ့အခါ လက်ထဲ ပိုက်ဆံမရှိရင်ဘယ်လိုလုပ်မလဲ။ပန်ပန် က အလုပ်ကနေ ထွက်ရတော့မှာ။မေမေတို့ ပိုက်ဆံလိုတဲ့အခါမျိုး ပန်ပန့်လက်ထဲလည်း ထုတ်ပေးစရာမရှိရင် အခက်တွေ့ရမှာ။ပြီးတော့ ပန်ပန်လည်း ဒါတွေကို သိပ်ဝတ်တာမှ မဟုတ်တာ။ဝယ်လိုက်တော့ ပိုက်ဆံတွေ ကုန်တာပေါ့ "

" ညီမလေး ကြိုက်တယ်ဆိုရင် ရပြီ၊ကိုကိုတို့အတွက် ဘာမှမပူနဲ့။ကိုကို ရှိနေသရွေ့ မေမေ့အတွက် အကုန် ကိုကို တာဝန်ယူတယ်။ညီမလေးအတွက်ရောပဲ "

ဘုန်းနေလ စိတ်မကောင်းဖြစ်နေပုံရတဲ့ ညီမလေး
ကို စိတ်မကောင်းမဖြစ်ရအောင် နှစ်သိမ့်၍ ပြောလိုက်သည်။

" မေမေနဲ့ သမီးကိုကိုကလေ စိန်တစ်ဆင်စာတောင် သမီးကို ဝယ်ပေးချင်တာ။အမေတို့အနေနဲ့ မတတ်နိုင်လို့... တတ်နိုင်တာလေးကိုပဲ ဝယ်ပေးရတာ။လည်ဆွဲလေးက အဟန့်လည်းသေးနေတော့ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်။ငါ့သမီးကို မေမေက ခန့်ခန့်ထည်ထည် အဟန့်ရှိတဲ့ လည်ဆွဲမျိုးကြီးကိုမှ ဆင်ပေးချင်တာ "

မေမေ က ဝယ်လာပေးတဲ့ ပတ္တမြားလည်ဆွဲလေးက သေးနေတာမို့... စိတ်မကောင်းဖြစ်နေ၏။ပန်ပန် မေမေ့ကို လက်နှစ်ဖက်နဲ့ ပွေ့ဖက်ပြီး...

" မေမေတို့ ဝယ်ပေးတယ်ဆိုတာနဲ့တင် ပန်ပန့်အတွက် ရတနာတွေကို သိပ်ကိုထည်ဝါနေပါပြီ။
ပန်ပန် ရတနာတွေကို အမြတ်တနိုးထားပြီးတော့ ဝတ်ဆင်ပါ့မယ် "

ခင်ပွန်းလောင်း၏ မာယာပရိယာယ် CompletedWhere stories live. Discover now