ခင်ပွန်းလောင်း၏ မာယာပရိယာယ် Part(26)

5K 147 2
                                    

            ခင်ပွန်းလောင်း၏ မာယာပရိယာယ်

                           အခန်း   (၂၆)

.

.

.

" ဘေဘီ "

" လာမခွံ့နဲ့ မစားဘူးလို့ ပြောတယ်မလား! ချွမ်း! "

ထမင်းနဲ့ဟင်း ခွံ့ပေးတာကို မစားဘူးဆိုကာ ပါးစပ်ရှေ့နားက ဇွန်းကို အောက်ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားလောက်အထိ ခပ်ပြင်းပြင်း အားနဲ့ ပုတ်ထုတ်ပစ်လိုက်တဲ့ ဘေဘီ။ဒေါသကလည်းကြီးလိုက်တာ မိန်းကလေးလို့တောင် မထင်ရ။

ဓန ဘယ်လိုချော့ချော့ စိတ်ကောက်မပြေသေးတဲ့
သူမကြောင့် ခေါင်းတောင်ကိုက်လာသည်။

ဓန ကို ကြည့်နေတဲ့ သူမမျက်လုံးလေးတွေက နဂါးမင်းဆီကနေ အမွေရထားသလား ထင်ရ၏။

ဖိကိုက်ထားတဲ့ နူတ်ခမ်းလေးဆီ အကြည့်ရောက်သွားတော့လည်း ဓန ကြမ်းတမ်းမိထားလို့ သွေးခြည်ပင်ဥနေတော့သည်။သူမ သဘောမပါနဲ့ ဓနဘက်က အတင်းနမ်းလိုက်မိပြီးကတည်း မျက်စောင်းက တဒိုင်းဒိုင်း အထိုးခံနေရတာ။ဓားသာဆို ဓန ရင်ဘက်တစ်ခုလုံး မွစာကြဲနေလောက်ပြီ။

ဓန ကျွေးတာကို မစားချင်တဲ့ သူမ က... ဓန ဘယ်လိုကျွေးကျွေး စားမည်မဟုတ်တာမို့... ဆက်မကျွေးတော့ဖို့ လက်လျော့လိုက်၏။

" ဟင်း... "

ဓန စိတ်လျော့လိုက်တဲ့အနေနဲ့ သက်ပြင်းသာချကာ... ပြုတ်ကျနေတဲ့ ဇွန်းကို ကောက်သိမ်းလိုက်သည်။

ကြည့်... သူဘာသာ လူကို ထမင်းလာခွံ့ပြီး၊စိတ်မရှည်သလိုနဲ့ သက်ပြင်းတွေချနေတဲ့ လူကြီး။လူကို
နမ်းလိုက်များ "နွားသိုးကြိုးပြတ်" အတိုင်းပဲ။

ပန်ပန် စိတ်ထဲ၌သာ ပြောတာ မဟုတ်၊မျက်လုံးလေးကပါ လူကြီး ကို မကြည်အကြည့်နှင့် ကြည်နေလိုက်သေးတာ။

ဓန မေမေ ပြင်ထားပေးခဲ့တဲ့ ထမင်းနှင့်တွေကိုလည်း ပြန်သိမ်းလိုက်သည်။လက်ကနေ သိမ်းဆည်းနေသလို... လူက သူမဘက်ကို ခေါင်းလေးငဲ့ကြည့်ပြီး...

" ဘေဘီ ထမင်းမစားမှာ သေချာရဲ့လား။အားမရှိလို့ ဆရာဝန်က! "

" မစားဘူးလို့ ပြောနေတယ်လေ။ဘာလို့ လူကို
စိတ်တိုရအောင် ထပ်ခါထပ်ခါ မေးနေရတာလဲ "

ခင်ပွန်းလောင်း၏ မာယာပရိယာယ် CompletedTempat cerita menjadi hidup. Temukan sekarang