ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၄)
" နိုးပြီလား... စောသေးတယ်။ပြန်အိပ်ချင်အိပ်လေ "
ပန်ပန် နိုးနိုးချင်းမှာပဲ ကြားရသည့် စကားကြောင့် အသံလာရာဆီကို ကြည့်လိုက်မိသည်။
ဦးမင်းဓနဇုန်သည် ပန်ပန်အိပ်နေသည့် အိပ်အခန်းတွင်းမှာရှိတဲ့ အဝတ်လဲခန်းလို့ ထင်ရသည့် အခန်းထဲကနေ အနက်ရောင်ဘောင်းဘီရှည်နှင့်တွဲဝတ်ထားသည့် အနက်ရောင်ရှပ်လက်ရှည်ကို ကြယ်သီးတပ်ရင်းနဲ့ ထွက်လာတာကို တွေ့ရသည်။
" မိုးလင်းနေပြီ ပန်ပန် မအိပ်တော့ဘူး။အဘွားဆီသွားနေတော့မယ် "
" အင်း... မင်း သဘော "
ဟု ပြောသည့် သူက ကုတင်ခြေရင်းမှာ ရှိတဲ့
မှန်တင်ခုံ ရှေ့ကို သွားရပ်ပြီး ခေါင်းကိုဖြီးသည်။" ဒါနဲ့ ညက အန်ကယ်ဦးမင်းဓနဇုန် ဒီအခန်းမှာ အိပ်တာတော့ မဟုတ်ဘူးမလား... "
သူ ပန်ပန့် ကို ညက ဒီဘက်အခန်း လိုက်ပို့တာကို သိသည်။ဒါမယ့် အဲ့နောက်ပိုင်းကို ပန်ပန်မသိတော့တာ။ပန်ပန် က အိပ်ပျော်နေတဲ့အချိန်ဆို တော်ရုံနဲ့ဘာကိုမှ မသိတာကြောင့်လည်း မေးလိုက်ချင်ရယ်သာ။
" ကိုယ် ဒီအခန်းထဲမှာ အိပ်တယ်ဆိုရင်ရော... "
အရေးပေါ်အလုပ်ကိစ္စပေါ်လာလို့ ကုမ္ပဏီသွားဖို့
အိပ်ခန်းလာပြီး... အဝတ်စားလဲတဲ့ မင်းဓနဇုန် သူမ ကို နောက်ချင်တာကြောင့် တမင်မျက်နှာကိုတည်ပြီး ပြောလိုက်တော့...သူက ခပ်တည်တည် မျက်နှာနဲ့ ပန်ပန့်အနားကို လျှောက်လာရင်း ပြောတော့...
ကုတင်ပေါ်မှာ စောင်တစ်ပိုင်းခြုံလျက်နဲ့ ထိုင်နေတဲ့ ပန်ပန်သည် ကုတင်အောက်ကို ဆင်းပြီး မတ်တက်ရပ်လိုက်ပြီး....
" ပန်ပန် ညက အရမ်းအိပ်ချင်နေလို့ ဘာမှကောင်းကောင်း မမှတ်မိဘူး။တကယ်လို့ အန်ကယ်ဦးမင်းဓနဇုန် ညက ပန်ပန်နဲ့ ဒီအခန်းမှာ အိပ်ခဲ့တယ်ဆိုရင် နောက်တစ်ခါတော့ ဆင်ခြင်ပေးပါ။
ပန်ပန် က မသိလို့သာ အမှားလုပ်ချင်လုပ်မိမယ်။
သိသိချည်းနဲ့တော့ အမှားမလုပ်ဘူး။ပန်ပန် က
အပေါစားဆန်တဲ့ မိန်းကလေးမဟုတ်လို့... သူစိမ်းအမျိုးသားတစ်ယောက်နဲ့ အိပ်ခန်းတစ်ခန်းထဲမှာ.ဘယ်တော့မှ မအိပ်ဘူး။အဲ့ဒါကြောင့် အန်ကယ်ဦးမင်းဓနဇုန်ဘက်က ဆင်ခြင်ပေးပါ "