ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၁၉)
.
.
" အဟင်း... အိပ်မက် မဟုတ်ဘူးဘဲ "
ပန်ပန် အိပ်ရာမှာ နိုးထလာသောအခါ... အိပ်ခန်းအလည်က စားပွဲဝိုင်းလေးအပေါ်မှာ ညက လူကြီး လက်ထပ်ခွင့်တောင်းတုန်းက ပေးတဲ့ ပန်းစည်းကြီးက ရှိနေတာမို့... လူကြီး ညက လက်ထပ်ခွင့်တောင်းတာသည် အိပ်မက်မဟုတ်ဘူးဆိုတာ သိလိုက်ရသည်။
စိတ်ထဲမှာလည်း အတိုင်းမသိ ပျော်သွားရသည်။
ဘယ်လက်လက်သန်းကြွယ် ပေါ်မှာရှိနေတဲ့ ပလက်တီနမ်ကို ရွှေအနားကွပ်ထားတဲ့... အသားကွင်းလက်စွပ်လေးကြောင့်လည်း ပန်ပန့်မှာ ကြည်နူးမဆုံးဖြစ်နေရ၏။ထိုလက်စွပ်လေးသည် လူကြီး ပန််ပန့် ကို စွပ်ပေးထားတာပင် ဖြစ်မည်။ဘာကြောင့်ဆို ညက ပြုစားလွန်းတဲ့ လူကြီးကြောင့်... ပန်ပန်သည် ဝိုင်းဒိုင်းကျဲနေတဲ့ ရင်ခုန်သံတွေကြားမှာ သတိလက်လွတ်ဖြင့် အိပ်ပျော်သွားခဲ့ရတာ မဟုတ်လား။အဲ့ဒါကြောင့် လူကြီးဆက်စွပ် စွပ်ပေးတုန်းက ပန်ပန် မသိခဲ့တာ။
အိပ်ပျော်သွားတဲ့ ကိုယ့်အဖြစ်ကို တွေးပြီး...
ပန်ပန့်မှာ ရှက်သွေးဖြာရပြန်သည်။ပန်ပန် အိပ်ရာပေါ်ကနေ ဆင်းပြီး၊ပန်းစည်းကြီးတင်ထားတဲ့ ခုံးအနားကို လျှောက်သွားမိသည်။
ပန်ပန် တသင်းသင်းနဲ့ မွှေးကြိုင်နေသည့် ပန်းစည်းကြိီး လက်ဖက်နှစ်နှင့်် ကိုင်ယူပြီး မွေးကြူလိုက်သည်။
" အို... မွေးနေတာပဲ အဟင်း အဟင်း "
ပန်းစည်းကြီးထဲက နှင်းဆီပန်းတွေကို မွေးကြူနေရင်း... ညက လူကြီးပြောသည့် ချစ်စကားတွေကို ပြန်ကြားယောင်မိတာမို့... တစ်ကိုယ်တည်း ရှက်ပြုံးလေးနှင့် ရယ်နေမိ၏။
နှလုံးသားလေးကလည်း အခန်းတွင်းကို ပျံ့နှံ့နေတဲ့ နှင်းဆီရနံ့တွေနဲ့ အပြိုင် တဒုန်းဒုန်းနဲ့ခုန်နေ၏
။" အား... ဟုတ်သားပဲ။ညက လူကြီးပြန်ရောက်လာတာဆိုတော့... ဒီမနက်အောက်ဆင်းရင် လူကြီးနဲ့တွေ့ရမှာပဲ။အဟင်း... လှလှဝတ်ပြီး အောက်ကိုဆင်းရမယ် "
