ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၁၀)
" အန်ကယ်ဦးမင်းဓနဇုန် ပန်ပန့် လက် ရှင့်ပါးပေါ်ကို ရောက်ရတဲ့ အဖြစ်မျိုး မဖြစ်ချင်ရင်၊ပန်ပန့်လက်ကို ကိုင်ထားတဲ့ ရှင့်လက်ကို လွှတ်လိုက်ပါ "
နိုးလာတာနဲ့ ကားပေါ်ကနေဆင်းပြီး အိမ်ကို လမ်းလျှောက်ပြန်ဖို့... လုပ်နေသည့် သူမ က သူ့ကို တော်တော်လေးကို ဒေါသထွက်နေတာပင်။
" ကိုယ် လွှတ်ပေးမယ်။ဒါမယ့် မင်း ဒီတိုင်းတော့ ပြန်မသွားရဘူး။မင်းသော် ကားတစ်စီးနဲ့ ကိုယ်တို့ကို လာခေါ်နေတယ်။အဲ့ကားနဲ့မှ ပြန်ရမယ် "
ပန်ပန် သူအနားမှာ ရှိမနေချင်တော့ပေမယ့်...
သူက ကိုင်ထားတဲ့ ပန်ပန့် လက်ကိုလွှတ်ပေးမယ့်
အရိပ်အယောင် မမြင်ရတာမို့..." ပန်ပန် ကိုမင်းသော် လာတဲ့ အထိ စောင့်မယ် "
ဆိုတော့မှ ပန်ပန့်လက်ကိုလွှတ်ပေးသည်။
ဒါတောင် အမြင်ကပ်စရာ လူကြီးက နိုးနိုးချင်း လူကို ဒေါသထွက်အောင် ပြောသေးသည်။သူပြောတာက....
" ကိုယ်နဲ့ မင်းက တစ်ညလုံး အတူရှိနေလို့ မြန်မြန် လက်ထပ်မှဖြစ်မယ်။မင်း အိမ်ကို လူကြီးစုံရာနဲ့ ကိုယ် ပြန်လိုက်ပို့ပေးမယ် " တဲ့လေ
မြန်မြန် လက်ထပ်ရအောင် ပန်ပန်နဲ့ လူကြီးကြားမှာ ကြီးမားတဲ့ အမှားယွင်းမှမရှိတာ။ဘာလို့ လက်ထပ်ရမှာလဲ။ပြီးတော့ အဘိုးကိုသာ မတတ်သာလွန်းလို့ လူကြီးနဲ့ လက်ထပ်ပါ့မယ်လို့ ပြောလိုက်ရတာ။တကယ်က ပန်ပန် လူကြီးကို လက်ထပ်ချင်တာ မဟုတ်ပါဘူး။အခုလို ဇွတ်တရွတ်ကြီး လုပ်ချလိုက်တာကြောင့် ပိုလို့တောင်မှ လက်မထပ်ချင်သေးတယ်။
အသက်အရွယ်နဲ့မလိုက်ဖက်လွန်းအောင် ကလိမ်
ညဏ်များသည့် လူကြီးကို လက်လည်းမထပ်ချင်သလို... ကြည့်လို့မရပါဘူး။" ကိုယ်တို့ ကားနားကို ပြန်လျှောက်သွားပြီး စောင့်နေရအောင် "
သူ ပြောတော့လည်း သူမက စူပုတ်ပုတ် မျက်နှာလေးနဲ့ ကားနားကို ပြန်လျှောက်သွားလေသည်။