ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၂၀)
.
.
" အဟွန်း... "
" ပန်ပန် က တကယ်ကြီး လွမ်းနေတာပါဆို
လူကြီး က လှောင်ရယ်နိုင်တယ်ပေါ့... ဟင့်... "မင်းဓနဇုန် အချေ ချစ်ဇနီးလောင်းလေးက ချွဲတတ်လိမ့်မယ်လို့ တကယ်ကို မထင်ထားခဲ့တာပါ။အခုလို သူမအနားမရှိချိန် သူ့အား မထင်ထားလောက်တဲ့... အနေအထားနဲ့ ချွဲလာလေတော့... သူ့မှာ အိမ်ကို အပြေးသာ ပြန်သွားလိုက်ချင်တော့သည်။
" ကိုယ် က ဘေဘီ့ ကို မလှောင်ပါဘူးကွာ။ပြန်လာလို့ရရင် ဘေဘီ့ဆီ အပြေးပြန်လာတာ
ကြာပေါ့ "" ဒါဆို လူကြီး က အခု ပြန်လာလို့ မရသေးဘူးပေါ့နော် "
" အင်း "
" သူများက လွမ်းနေတာကို ... "
အဟင်း ဘေဘီဆိုးလေးကတော့ကွာ... ကိုယ့်ကို
သိပ်ခြွေနေပါလား...။" ကိုယ့်ကို လွမ်းနေတဲ့ အဆိုးလေး မျက်လုံးမှိတ်ခဏမှိတ်ထား "
" ဟင်... ဘာလုပ်ဖို့လဲ လူကြီး "
" ကိုယ့်ကို လွမ်းနေတဲ့ ဘေဘီလေး ကို အလွမ်းပြေ အနမ်းပေးမလို့... "
လူကြီးက ပြောတော့... ပန်ပန်လည်း အပြုံးလေးနဲ့...
" မှိတ်ထားပြီ လူကြီး "
" အင်း... ကိုယ် နမ်းလိုက်ပြီ၊ဘေဘီ့ နူတ်ခမ်းလေး
ကို အခု "" အို... လူကြီး "
သိပ်ရိုလွန်တဲ့ လူကြီးကြောင့် ပန်ပန့်နှလုံးသားလေးက အရည်ကိုပျော်လို့...။
" ကိုယ်လည်း ဘေဘီ့ ကို အရမ်းလွမ်းနေတာ "
" ပန်ပန် က ပိုမယ် ထင်တယ် "
" အဟင်း... ကိုယ့်ထက် ပိုလွမ်းတယ်ဆိုတော့ ကိုယ့်ကို ချစ်ပြိီလား... ဘေဘီ "
" ဟို ချစ်တော့ မချစ်သေးဘူး။ဒီတိုင်း လွမ်းရုံလေးပဲ လွမ်းနေတာ "
ချစ်နေရဲ့သားနဲ့ မချစ်သေးဘူး။လွမ်းရုံလေး လွမ်းနေတာတဲ့ဆိုပြီး... လူကို မရိုးမယွဖြစ်အောင် လုပ်နေပါသော သူမ။