ခင်ပွန်းလောင်း၏ မာယာပရိယာယ် Part(25)

4.5K 151 2
                                    

       ခင်ပွန်းလောင်း၏ မာယာပရိယာယ်

                           အခန်း   (၂၅)

.

.

.

" လူနာက အအိပ်ပျက်၊အစားပျက်နဲ့ ပင်ပန်းမှုဒဏ်တွေကြောင့် အားပြတ်ပြီး မေ့လဲသွားတာပါ။
တခြားကြီးကြီးမားမားတော့ မရှိလို့ စိုးရိမ်စရာတော့ မရှိပါဘူး "

" ဟုတ်ကဲ့ ဒေါက်တာ "

" လူနာ သတိရလာတဲ့ အခါ အနားယူဖို့နဲ့ အစားအသောက် သေချာစားဖို့၊အချိန်မှန် အိပ်ဖို့ပြောပါ "

" ဟုတ်ကဲ့ ဒေါက်တာ။ဒါနဲ့လေ လူနာ သတိပြန်ရလာရင် အိမ်ပြန်ခေါ်သွားလို့ရပြီလား... ဗျ "

" အဲ့ဒါတော့ မရသေးဘူး။လူနာက ဆေးလည်း ချိတ်ထားရတာဆိုတော့... လူနာသတိပြန်ရလာရင်လည်း ဒီနေ့တစ်ရက်တော့ ဆေးရုံမှာပဲ စောင့်ကြည့်အုံးမယ်။နောက်ရက်မှပဲ ဆေးရုံကနေ ဆင်းပေါ့ "

" ဟုတ်ကဲ့၊ဒေါက်တာ "

သူမ ကို လာကြည့်ပေးတဲ့ တာဝန်ကျဆရာဝန်
အခန်းထဲကနေ ထွက်သွားတော့... ဓန သူမဘေးမှာ တင်ပါးမလွဲ ဝင်ထိုင်လိုက်သည်။

အခုထိ သတိပြန်မရသေးတဲ့ သူမ လက်ဖဝါးလေးတစ်ဖက်ကို ဆုပ်ကိုင်ပြီး... သူ့ပါးပြင်ထက်မှာ အပ်ထားလိုက်တယ်။

မတွေ့ရတဲ့ သုံးရက်အတွင်းမှာ သိသိသာသာ ပိန်ကျသွားတဲ့ သူမကြောင့်... ကိုယ့်ကိုကိုယ် အပြစ်တင်မိ၏။နောက်ထပ် သူမ ကို စိတ်ညစ်ရအောင် ထပ်လုပ်​တော့မည် မဟုတ်။

" ဒေါက် ဒေါက် Boss ကျွန်တော် ဝင်လာပြီ "

" ဘာလဲ မင်းသော် "

အခန်းထဲ ဝင်လာတဲ့ ဓန ကို မေးလိုက်တော့...

" Bossရဲ့ မနက်ပိုင်း မီတင် ကို အချိန် နောက်ဆုတ်ထားတာ အဲ့ဒါ အခု သွားမှဖြစ်ပါမယ်။ရှယ်ယာရှင်တွေလည်း မပြန်သေးဘဲနဲ့ ကုမ္ပဏီမှာပဲ စောင့်နေကြတာပါ "

" အင်း... သွားတာပေါ့။မင်းကတော့ မေမေတို့
လာတဲ့အထိ ဘေဘီ့ ကို စောင့်နေပေး "

" ဟုတ်ကဲ့ Boss "

ဓန မင်းသော် ကို ပြောပြီး၊သူမ နဖူးလေး ကို ငုံ့၍ မွှေးကြူလိုက်သည်။

ခင်ပွန်းလောင်း၏ မာယာပရိယာယ် CompletedDonde viven las historias. Descúbrelo ahora