ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၉)
" ဘေဘီ "
ပခုံးတစ်ဖက်ကို လှုပ်နိုးခံလိုက်ရတာမို့...
မှေးကနဲ အိပ်ပျော်သွားသည့် ပန်ပန်တစ်ယောက် နိုးလာခဲ့သည်။" အင်း... အိပ်ပျော်သွားလိုက်တာ အိမ်တောင်ရောက်လာပြီပဲ။လိုက်ပို့ပေးတာ အတွက် ကျေးဇူး "
" ခဏလေး... ဘေဘီ "
ပန်ပန် ကားပေါ်ကနေ ဆင်းမလို့ကို...
လူကြီးက ပန်ပန့် လက်တစ်ဖက်ကို ဆုပ်ကိုပြီး
ခဏလေးဆိုတာကြောင့်...ကားပေါ်ကနေ မဆင်းသေးဘဲ...
လူကြီးဘက်ကို မျက်နှာပြန်လှည့်ကြည့်ပြီး..." ဘာလဲ... "
" ဘေဘီ ကားပေါ်မှာပဲ နေမှဖြစ်မယ်။ကားအောက်ကို ဆင်းရင် အန္တရာယ်များတယ်။အပြင်မှာ အရမ်းမှောင်နေတယ် "
လူကြီးစကားကြောင့် ပန်ပန် မျက်မှောင်ကြုတ်
လေးနဲ့ စိတ်တိုသွားရသည်။ဟုတ်သည်လေ အိမ်ရောက် ကားပေါ်ကနေ ဆင်းတာပဲလေ။အဲ့ဒါကို အန္တရာယ်များလေ၊ဘာလေး လာပြောနေတော့... ဘယ်သူက စိတ်မတိုဘဲ ရှိမလဲလို့...။" ပန်ပန့် အိမ်ပြန်ရောက်နေတာကို ဘာလို့ အန္တရာယ်များရမှာလဲ။ကားပေါ်ကနေ မဆင်းဘဲ
နေရင်သာ ရှင့်လို မျက်နှာများတဲ့ နှာဘူးကြောင့်ပဲ
အန္တရာယ်များချင်များမှာ "အဟက်! မျက်နှာများတဲ့ နှာဘူးတဲ့လား...။
ရည်စားများခဲ့လို့ မျက်နှာများတယ်လို့ ပြောတာကိုတော့ လက်ခံနိုင်ပါတယ်။နှာဘူးဆိုတာကတော့.. သူလက်မခံနိုင်။ဘာကြောင့်ဆို သူမှ နှာဘူးမထခဲ့တာကိုး...။
" ကိုယ်မျက်နှာများတာကို လက်ခံပါတယ်။ဘယ်ကလေးအပေါ်မှ နှာဘူးမထခဲ့လို့... နှာဘူးဆိုတာကြီးကိုတော့... ကိုယ်လက်မခံဘူး။အာ့ကြောင့်
ကိုယ့်ကို နှာဘူးလို့တော့ မပြောနဲ့ "လူကြီးစကားကြောင့် ပန်ပန် နှာခေါင်းလေးရှုံ့ကာ... 'အပိုစကားတွေလည်း သိပ်ပြောတတ်တဲ့
လူကြီးပဲ။တွေ့ရာ မိန်းကလေးနဲ့ တွဲကပြီး သူ့ကိုယ်သူ နှာဘူးမထဘူးဆိုပဲ။အားကြီးကြီး ယုံချင်စရာကြီးပဲ။လူကြီးစကားကို တခြားသူတွေက ယုံချင်ယုံလိမ့်မယ်။ပန်ပန်တို့ကတော့ နိုးပါ အန်ကယ်'

ВЫ ЧИТАЕТЕ
ခင်ပွန်းလောင်း၏ မာယာပရိယာယ် Completed
Любовные романыဦးနဲ့ ချာတိတ် ရိုရို ချိုချိုလေး 😘