ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၆)
" ချာတိတ် အိပ်နေတာလား... "
မင်းဓနဇုန် အခန်းတံခါး ဖွင့်ပြီးဝင်လာတော့...
သူမ က ကုတင်ပေါ် မှာ ကွေးကွေးလေး လှဲနေသည်။မျက်လုံးတွေကလည်း မှိတ်ထားသည်။
သူ သူမအနားကို တိုးလျှောက်သွားလိုက်သည်။" ချာတိတ် မင်း အိပ်နေတာလား။မအိပ်ဘူးဆိုရင်
ထပါ။ကိုယ်တို့ ညစာထမင်းစားရအောင် "ပန်ပန် အိပ်မပျော်သေးပေမယ့်...
သူနဲ့ စကားမပြောချင်တာမို့... ဘာမှမပြောဘဲနဲ့ အိပ်ယောင်သာဆောင်နေလိုက်သည်။" ချာတိတ်! "
" ပန်ပန့် အသားကို လာမထိနဲ့။ထမင်းမစားတော့ဘူးမို့လို့ ဒီအခန်းထဲကနေ ထွက်သွား... "
ဟင်...။
ဘေးတစောင်း အိပ်နေတဲ့ သူမ ပခုံးလေးကို ကိုင်ပြီးတော့ နိုးမိပါတယ်။အိပ်ရာကနေ ငေါက်ကနဲ
ထထိုင်ပြီး ခပ်စူးစူး မျက်နှာလေးနဲ့ သူ့အား ကြည့်လာပြီး... အခန်းထဲကနေ နှင်ထုတ်တော့သည်။" ဘာလို့မစားတာလဲ... အခုမဆာတောင် ညလယ်ကျရင် ဗိုက်ဆာနေမယ်။နည်းနည်းလောက်ဖြစ်ဖြစ် ကိုယ်နဲ့အတူ သွားစားရအောင် "
" ဦးမင်းဓနဇုန် ပန်ပန်ကလေ ပန်ပန် မကြိုက်တာ၊
မလုပ်ချင်တာကို ဇွတ်အတင်းလုပ်ခိုင်းရင် အရမ်းမုန်းတယ်သိလား။ဒီအခန်းက အန်ကယ်ဦးမင်းဓနဇုန် အခန်းမို့လို့ ထွက်မသွားနိုင်ဘူးဆိုရင် မထွက်နဲ့ ဆက်နေ။ပန်ပန် ပဲ ထွက်သွားမယ် "ဒေါသကြီးပြီး စိတ်မြန်တဲ့ သူမ က ကုတင်ပေါ်ကနေ အတင်းဆင်းဖို့ လုပ်နေသည်မို့... သူ့မှာ သူမ
ပခုံးနှစ်ဖက်ကို ဖိချပြီး... အိပ်ရာပေါ် အတင်းပြန်ထိုင်ခိုင်းရသည်။" မင်း ကားပေါ်ကကိစ္စနဲ့ ကိုယ့်ကို စိတ်ဆိုးနေတယ်ဆိုတာ သိပါတယ်။အခုအချိန် မင်းကစိတ်ဆိုးနေလို့ ကိုယ်တို့ စကားပြောလို့ အဆင်ပြေမှာ မဟုတ်သေးဘူး။အဲ့ဒါကြောင့် မနက်မှ စကားထပ်ပြောမယ်။မနက်မှ ကိုယ် ချာတိတ် ကို ချော့မယ်။ကိုယ် အဘွားအခန်းမှာပဲ နေမှာမို့... မင်း ဒီမှာ အေးအေးဆေးဆေးအိပ်ပါ။ဂွတ်နိုက် "