ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၈)
" မင်းဟာလေးရော ခေါ်မလာဘူးလား ဓန "
" မသိဘူးတဲ့ "
အာကာမင်း မေးတာက တမျိုး မင်းဓနဇုန် ဖြေတာက တမျိုးမို့...
အာကာမင်းအပါအဝင် ကျန်သူငယ်ချင်းနှစ်ယောက်ကပါ မျက်လုံးအပြူးသားတွေနဲ့ အကြည့်တွေက မင်းဓနဇုန်ဆီ ကျရောက်လာသည်။
" ဘာကို မသိတာလဲကွ "
အာကာမင်းကပဲ ထပ်မေးတော့...
" ဘေဘီ က ငါ့ကို မသိဘူးတဲ့ဆိုပြီး... ရှောင်ထွက်သွားတယ် "
" ချာတိတ်မလေးဆီက ဒုတိယအကြိမ်
ပလစ်ခံရတာပဲ။ခွက်တွေတိုက်လိုက်ပါအုံး... ငါတို့ရဲ့ ပလစ်ခံ သတို့သားလောင်းကြီးအတွက်
ဟားဟား ဟားဟား ဟားဟား... "" ကျစ်! မင်းတို့ကောင်တွေကွာ... "
မင်းဓနဇုန် သူငယ်ချင်းတွေက သူ့ကို ဝိုင်းစနေတာကြောင့်... စောနကထက် ပိုတွန့်ကျိုးနေတဲ့
မျက်ခုံးတန်းကြီးတွေနဲ့... ဘေးနားက စားပွဲပေါ်မှာ ရှိနေတဲ့... ဝိုင်တစ်ခွက်လုံးကို တစ်ခါတည်းမော့သောက်ပစ်လိုက်သည်။" မင်းဟာလေး ကို ဒီတိုင်းပဲ လွှတ်ထားတော့မလို့လား... ဓန "
ဖြိုးသူရ က မိုးထက်သျှန်နဲ့စားပွဲတစ်ခုတည်းမှာ
ထိုင်ပြီး စားသောက်နေသည့်... ဘေဘီရှိရာကို
လှမ်းကြည့်ပြီး သူ့ကို မေးသည်။" လွှတ်ထားစရာလား...၊အခုတောင် ဆွဲပြီးခေါ်လာချင်တာ။မဖြစ်လို့သာ လွှတ်ထားတာ "
" မင်းဟာလေးက ဘာလို့ idolကောင်နဲ့ရှိနေတာလဲ ဓန "
မင်းညီခေတ် က မေးသည်။
" ဘေဘီ က မိုးထက်သျှန်တို့ အေဂျင်ဆီမှာ လုပ်နေတာလေ "
" ဪ... ဒါကြောင့် မိုးထက်သျှန်နဲ့ ပါလာတာ ကိုး "
" ဟုတ်တယ် "
" ငါကတော့ မင်းကို ငါတို့နဲ့တိုင်ပင်တဲ့ ညက အစီအစဥ်တိုင်း လုပ်စေချင်တယ်။မဟုတ်ရင် မင်းယာလေးက မင်း ကို ဆက်ပြီး ပလစ်နေအုံးမှာ "