ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၁၄)
" လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်။ ကောင်းကောင်းသွားပါ ရှင့် "
ပန်ပန် ကားပေါ်က ဆင်းတာနဲ့ လူကြီးထိုင်တဲ့ဘက်ခြမ်းကိုသွားကာ... ကျေးဇူးတင်စကား
ပြောလိုက်သည်။" ပိုက်ဆံ ပေး။ဘယ်အရာမှ အလကားမရဘူး "
လိုက်ပို့ပေးတာကို ကျေးဇူးတင်မိသည့် စိတ်လေးက ပိုက်ဆံတောင်းနေသည့် လူကြီးကြောင့် ဘယ်ဆီရောက်သွားသည်မသိ။စိတ်တိုလာရ၏။
မကြာခင်မှာ ပန်ပန် က သူ့ဇနီးဖြစ်လာမယ့်သူ။အဲ့ဒါကို အိမ်လိုက်ပို့ခဆိုပြီး ပိုက်ဆံတောင်းနေတာက လူကြားလို့တောင်မှ မကောင်း။
" တကယ်တောင်းနေတာလား... "
သူ့လို အခြေအနေကြီးနှင့် ပိုက်ဆံတောင်းနေတာကို ပန်ပန် သိပ်မယုံသလို... စနောက်တာမျိုး ဖြစ်မှာဆိုးတာကြောင့်... သေချာအောင်လို့ ထပ်မေးလိုက်သည်။ထို့သို့ ထပ်မေးလိုက်ကာမှ ပန်ပန့် စိတ်လေးက ပိုပြီးတောင် တိုရတော့သည်။
" မင်း ငှားစီးဖူးတဲ့ တက္ကစီသမားတွေကို လိုက်ပို့ပေးတာ ကျေးဇူးတင်ပါတယ်လို့ ပြောပြီး၊စီးလို့ရတဲ့ တက္ကစီကားသမားတွေ ရှိဖူးလို့လား... "
လူကြီး ကို ကြည့်ရတာ... ပန်ပန့်ဆီ က ပိုက်ဆံကို တော်တော်လေး လိုချင်နေသည့်ပုံပင်။အဲ့ဒါကြော
င့် ပန်ပန်သည်လည်း ပန်ပန့်ဆီက ပိုက်ဆံမှမရရင်
ထမင်းငတ်ပြီး သေမလားတောင် မသိတဲ့... ငမွဲ လူကြီးအား စူပုတ်နေသော မျက်နှာလေးနှင့် ကြည့်ကာ...." ဘယ်လောက်ပေးရမှာလဲ... ပြော "
" တစ်ထောင့်ငါးရာ "
" ထောင့်ငါးရာ "
" ဟုတ်တယ်။ မြန်မြန်ပေး "
တက္ကစီခကလည်း စျေးသက်သာလိုက်တာ။အလကားနီးနီးပါလား...! ဟွန့် ဒီလူကြီး လာကြိုတာကို ပြောရမှာရှက်လို့... တက္ကစီခ ဆိုပြီး ပိုက်ဆံတောင်းနေတာ မသိရင် ခက်မယ်။
" ပေးမယ် ခဏစောင့် "
ပန်ပန် လူကြီး ကို ပိုက်ဆံပေးဖို့ လွယ်ထားတဲ့ စလင်ဘတ်အိတ်လေးကို ဖွင့်ကာ... ပိုက်ဆံကိုယူလိုက်တော့... အိတ်ထဲမှာ ပိုက်ဆံက ထောင့်ငါးရာပေးဖို့ အကြွေးကရှိမနေ။
