ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၂၁)
.
.
" တစ်၊နှစ်၊သုံး၊လေး၊ငါး၊ခြောက်၊ခုနှစ်၊ရှစ်၊ကိုး! "
📱Ti... Ti... Ti📱
" အဟင်း... ဆက်လာပြီပေါ့။မြန်ချက်ပဲ... ဦးမြှားပွေကြီး က " ဟု ဆိုပြီး... ဆယ်စက္ကန့်ဆိုတဲ့ အချိန်တိုလေးတွင်မှာ မြည်လာတဲ့... ဖုန်းလေးကို ပန်ပန် ကောက်ကိုင်လိုက်သည်က ကျေနပ်သော အပြုံးလေးဖြင့်...
" ဟယ်လို ဘေဘီ ကိုယ် ရှင်းပြမှာမို့... ဖုန်းမချလိုက်နဲ့နော်။စောနက ကိုယ့်အကောင့်ကို Tagတွဲပြီး တင်ထားတဲ့၊ပုံထဲက မိန်းကလေးကလေ... Korea က ကိုယ့်နဲ့ လုပ်ငန်းအတူတွဲလုပ်နေတဲ့ အန်ကယ်ရဲ့သမီး၊လုပ်ငန်းပိုင်နဲ့အတွေ့အကြုံ မရှိသေးတဲ့ အလုပ်သင်လေးပါ။အဲ့ညီမလေး ကိုယ့်ကိုကျေးဇူးတင်စကားပြောထားတာကလည်း ဒီနေ့ သူတို့ကုမ္ပဏီမှာ အလုပ်ကိစ္စလေးတစ်ခုကို အဲ့ညီမလေး က အမှားလုပ်မိလို့... ကုမ္ပဏီပိုင်ရှင် သူ့အဖေဆီကနေ အဆူခံခဲ့ရတယ်။ကိုယ် က သူမှားလုပ်မိခဲ့တဲ့ အမှားလေးကို အဆင်ပြေအောင်လို့ ကူညီပေးလိုက်လို့ အဲ့ညီမလေး က ကျေးဇူးတင်ကြောင်းနဲ့ သူပျော်ရကြောင်းကို ပုံလေးနဲ့ ရေးပြီးတင်လိုက်တာပါ။အဲ့ညီမလေးနဲ့ ကိုယ်နဲ့က တကယ့်ကို ရိုးရှင်းပါတယ်။ပြီးတော့ အဲ့ညီမလေးကလည်း မကြာခင် လက်ထပ်တော့မယ့် သူပါ။အဲ့ဒါကြောင့် ကိုယ့်ကို အထင်မလွဲပါနဲ့။ဘေဘီ က ပုံတွဲတင်တာကို မကြိုက်ဘူးထင်လို့... တင်ထားတဲ့
ပုံကိုလည်း ဖျက်ခိုင်းလိုက်ပါပြီ။သူနဲ့ ဘေဘီစကားပြောချင်ရင်လည်း အချိန်မရွေး ရတယ်နော်။ကိုယ် အမြန်ရှင်းပြနေရလို့... စကားတွေက
မြန်နေတာ။ရှင်းပြတာကို နားလည်တယ်မလား ဘေဘီ "တစ်ဖက်က လူကြီး၏ လျှာခလုတ်တိုက်မိမတက်
ဖြေရှင်းလာသည့် စကားအဆုံး ပန်ပန့်မျက်နှာလေးသည်လည်း ရွှန်းရွှန်းသာနေတဲ့ ငွေလမင်းကြီးကို ဖြစ်လို့...။ပန်ပန့်၌ အကျင့်ဆိုးလေး တစ်ခုရှိသည်။အဲ့ဒါက ချစ်ရသူတွေအပေါ်မှာဆို ကလေးဆိုးလေးတစ်ယောက်လို ဆိုးတတ်သည့် အကျင့်လေးဆိုးလေးပါ။ အခုလည်း ဖွင့်ဟ၍သာ မပြောသေးတာ ချစ်မိနေတာ သေချာသလောက် ရှိနေပြီ ဖြစ်တဲ့ လူကြီးအပေါ်မှာ ဆိုးချင်မိသည့် အကျင့်ဆိုးလေးက ပေါ်လာပြန်တော့...
