ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၁၂)
" အစ်ကို နေ့လည်စာ စားပြီးပြီလား "
" ဘယ်အချိန် ရှိနေပြီလဲ... နေ့လည်စာ စားပြီးပြီလား မေးနေတာ "
ရိုက်ကူးရေးအတွက် စတိုင်လစ်နဲ့ အဝတ်စားလဲနေသည့် အစ်ကိုမိုးထက်သျှန် က ပန်ပန် ပြန်လာတာ နောက်ကျလို့ စိတ်ဆိုးနေပြီလေ။
ပန်ပန်ကလည်း ပန်ပန် ပါ။ခဏပဲ ခွင့်တောင်းသွားတာ။ပြန်လာတော့ အချိန်က မွန်းလွဲ နှစ်နာရီပင် ရှိနေပြီလေ။
အဲ့တော့ အပြစ်ရှိသူပီပီ ခေါင်းလေးကိုငုံ့ကာ...
" ပြန်လာတာ နောက်ကျသွားလို့ တောင်းပန်ပါတယ်။နောက်ထက် မဖြစ်စေရတော့ရပါဘူး "
" ဘာလို့ ခေါင်းငုံ့ပြီး ပြောနေရတာလဲ။မသိရင်
ငါကပဲ မတရားတွေ ဆူပူကြိမ်းမောင်းနေသလိုပဲ။
နောက်ထပ်တစ်ခါ အလုပ်ချိန်မှာ အပြင်သွားတာမျိုးတွေ ခဏခဏမလုပ်မိစေနဲ့။မင်း ရာထူးက
မန်နေဂျာ၊သာမန်ဝန်ထမ်း မဟုတ်ဘူး။အနုပညာရှင်တွေရဲ့ မန်နေဂျာတွေမှာ တစ်နေ့တာ လုပ်ရမယ့် လုပ်စရာတွေများတယ်ဆိုတာ မင်း သိတယ်မလား "" ဟုတ်ကဲ့ သိပါတယ်။ ပန်ပန် နောက်တစ်ခါ ထပ်မဖြစ်အောင် ဂရုစိုက်ပါ့မယ် "
" နောက်လရဲ့ နောက်ဆုံး အပတ်ထဲကျရင် ရန်ကုန်မှာ ငါ့ရဲ့ တစ်ကိုယ်တော် ရှိုးပွဲ လုပ်ဖို့ရှိတယ်။အဲ့အတွက် အခုကတည်းက ပြင်ဆင်ရတော့မယ်။မနက်ဖြန် ဆယ်နာရီမှာ အဲ့ရှိုးပွဲအတွက် မီတင်လုပ်မယ်။ကြိုတင်ပြင်စရာတွေကိုလည်း
မီတင်မှာ တစ်ခါတည်း ပြောမယ် "" ဟုတ်ကဲ့ "
" ဒီနေ့က ရိုက်ကူးရေးကြောင့် ငါလည်း ပင်ပန်းနေပြီ၊နောက်တစ်နာရီဆို ရိုက်ကူးရေး ရပ်တော့မယ်။မင်းလည်း ဒီနေ့တော့ စောစော ပြန်လို့ရတယ် "
" ဟုတ်ကဲ့ "
" ကော်ဖီတစ်ခွက်လောက် သောက်ချင်တယ်။သွားဝယ်ပေးနိုင်မလား... "
အစ်ကိုမိုးထက်သျှန် က ရိုက်ကူးရေးအတွက်
ဆံပင်စတိုင်လစ်နဲ့ ဆံပင်ကို ပြင်ဆင်နေရင်းပြောလာတော့...
