ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၂၇)
.
.
.
" လူကြီး "
ပန်ပန် ထမင်းချိုင့် မသယ်ချင်တာကြောင့်...
နေ့လည်စာစားဖို့ ကုမ္ပဏီကန်တင်းရှိရာ အောက်ထပ်ကို ဆင်းလာတော့.... ကုမ္ပဏီထဲကို ဝင်လာတဲ့ လူကြီးကို တွေ့ရမယ်လို့ မထင်မှတ်ထားဘဲနဲ့ တွေ့လိုက်ရသည်။ပန်ပန် လူကြီးကိုမြင်တာနဲ့ အပြေးလေးသွားမိသည်။
" အင့် "
" ဖြေးဖြေးလာတာ မဟုတ်ဘူးကွာ "
ဓန ကို မြင်တာနဲ့ သူမ က အပြေးလာတာမို့...
လက်နှစ်ဖက်နှင့် ဆီကြိုး၍ ပွေ့ဖက်လိုက်တာပေမဲ့... သူမ ပြေးလာတဲ့ အရှိန်ကများတာမို့... သူ့ရင်ဘက်နဲ့ထိကာ အင့်ခနဲဖြစ်သွားလေ၏။" ဟီး... ဆေးရုံဆင်းပြီးကတည်းက မတွေ့ရသေးတာ နှစ်ရက်ရှိပြီလေ။အဲ့တော့... ဘေဘီလေး က လူကြီး ကို လွမ်းတော့... မြင်တာနဲ့ အပြေးလာမိတာပေါ့။လူကြီးကရော ဒီဘေဘီလေးကို မလွမ်းဘူးလား... ဟင် "
ဆိုပြီး... ဓန လည်ပင်းကို သွယ်လျသော လက်တံလေးနှစ်ဖက်နှင့် သိုင်းဖက်ပြီး... ခန္ဓာကိုယ်လေးကိုလေးကို ကနွဲ့ကလျလေး ရပ်နေပြန်တဲ့ အချွဲပိုမလေး။
ဓန သူမ ခန္ဓာကိုယ်လေးကို ခါးကနေ လက်နှစ်ဖက်နဲ့ သိမ်းဖက်ပြီး...
" ဘေဘီ့ ကို လွမ်းလို့... ဘေဘီ အလုပ်လုပ်နေတဲ့
နေရာအထိ လာတာပေါ့ "" အာ့ဆို အရင်နှစ်ရက်က ဘာလို့ လာမတွေ့တာလဲ။လွမ်းတယ်ဆိုပြီး ညဘက်ကျမှ ဖုန်းလေးပဲ ပြောရတာလဲ "
" ဘာလို့ လာမတွေ့လဲဆိုတော့... အဲ့နှစ်ရက်က ကိုယ့်အတွက် သိပ်ကိုအရေးကြီးတဲ့ အလုပ်ကိစ္စတစ်ခုကို အပြီးသတ်လက်စသတ်နေရလို့လေ "
" အာ့ဆို အခုက အလုပ်ပြီးသွားလို့ ပန်ပန့်ဆီကိုလာတာပေါ့ "
" ဟုတ်တာပေါ့။ဒါနဲ့ ကိုယ့်ကို လွမ်းနေပါတယ်ပြောပြီး၊အလုပ်မအားလို့ မလာနိုင်တဲ့ ကိုယ့်ဆီကို လာတွေ့လို့ ရရဲ့သားနဲ့ ဘာလို့ လာမတွေ့တာလဲ
ဘေဘီ "