ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၁၇)
" ပန်ပန် ဘာလုပ်ပေးရအုံးမလဲ မေမေ "
" မရှိတော့ဘူး သမီး။အားလုံး ချက်ပြုတ်ပြီးပြီ၊သမီး သွားပြီး အနားယူတော့လေ။မနက်ကျရင် မေမေတို့ အစောကြီးထရမှာ။ဪ... သမီးအတွက် မေမေ အခန်းသီးသန့်မပြင်ခိုင်းထားဘူး။သားအခန်းမှာပဲ အိပ်လိုက်နော်။ရတယ်မလား သမီး "
" ရှင် ဟုတ် ရပါတယ် မေမေ "
လူကြီးအခန်းမို့ မအိပ်ချင်ဘူး၊မရဘူးလို့ ပြောရင်လည်း ကောင်းတာမျိုး မဟုတ်တော့... ရပါတယ်ပဲ ပြောရသည်။
" မေမေလည်း ခဏနေရင် အနားယူတော့မှာ။သမီးလည်း အပေါ်တက်တော့လေ "
" ဟုတ်ကဲ့ မေမေ "
ပန်ပန် အပေါ်ကိုတက်သာလာတယ်။အိပ်ရမယ့်
အခန်းက လူကြီး၏အိပ်ခန်းမှာမို့.... ရင်တုန်နေမိတယ်။အဘိုးနာရေးရက်တုန်းက အိပ်ဖူးပေမယ့်လည်း အဲ့တုန်းက အိပ်ချင်တဲ့စိတ်ကြောင့်... စိတ်ထဲ ဘာမှ မတွေးနိုင်ခဲ့။အခုတော့ လူကြီး၏ အငွေ့အသက်တွေရှိနေတဲ့... အခန်းမှာ အိပ်ရာမှာက မပြောပြတတ်သည့် ခံစားချက်လေးများက
ရင်ထဲမှာ ဖြစ်တည်နေ၏။" ကျွီး... "
အခန်းတံခါး ဖွင့်ဝင်လိုက်တာနဲ့ သန့်ရှင်းသပ်ရပ်နေတဲ့ အိပ်ခန်းလေးကို တွေ့ရသည်။အခန်းပိုင်ရှင်
လူကြီး က သူ့ပစ္စည်းတွေကို ထိကိုင်တာကို မကြိုက်မှာ ဆိုးတာကြောင့်... ပန်ပန် ဘာကိုမှ မထိကိုင်ဘဲ၊အိပ်ရာဆီကိုသာ တန်းလျှောက်သွားလိုက်သည်။မနက်အာရုံဆွမ်းဟင်းအတွက် ဘုန်းကြီးအပါးတစ်ရာစာ ကြက်သားနှင့်အာလူးဟင်းကို ညဦးပိုင်းကတည်းက အပြီးချက်ထားရတာမို့... ပန်ပန်
တို့ ချက်ပြုတ်ပြီးချိန်သည် ညဆယ့်တစ်နာရီပင်ခွဲနေသည်။ညဘက် စောစောအိပ်တတ်သည့် ပန်ပန့်အဖို့
ညဆယ့်တစ်နာရီခွဲဆိုတာက အတော်ကို နောက်ကျတဲ့ အိပ်ချိန်ပင်။မနက်လေးနာရီခွဲထနိုင်ဖို့ လေးလံနေတဲ့ မျက်ခွံတွေနှင့်အတူ အိပ်ရာထက်မှာ လှဲအိပ်လိုက်သည်။
မွေ့ယာထူထူအိအိလေးက ပန်ပန့်ကိုသက်သောင့်သက်သာ ရှိစေသည်။