ခင်ပွန်းလောင်း၏ မာယာပရိယာယ် Part(16)

4.2K 138 0
                                    

          ခင်ပွန်းလောင်း၏ မာယာပရိယာယ်

                           အခန်း   (၁၆)

" အလုပ်တွေများတဲ့ ကြားကနေ သမိီးကိုတကူးတက အိမ်လိုက်ပို့ပေးလို့..မောင်မင်းဓနဇုန် ကို အန်တီ အားနာလိုက်တာ "

" ကိစ္စမရှိပါဘူး အန်တီ။ပန်သုခေတ် က ကျွန်တော် ဂရုစိုက်ရမယ့် မိန်းကလေးပါ။သူနဲ့
ယှဥ်ရင် အလုပ်က အရေးမကြီးပါဘူး "

ဟွန့်... မသိရင်ခက်မယ်၊မေမေ့ဆီကနေ အမှတ်ရအောင် စိတ်ထဲကမပါတဲ့ စကားတွေကို အပိုတွေ လုပ်ပြီးပြောနေတာ။အသက်အရွယ်နဲ့မလိုက်ပြောနေပုံက အမြင်ကပ်စရာကြီး။

လူကြီး မျက်နှာမြင်ရင် ဒေါသပဲထွက်နေရတာမို့... အိမ်ကိုရောက်ကတည်းက အခန်းထဲတန်းဝင်လာသည့် ပန်ပန်။

ပျဥ်းကာနံရံတစ်ခုသာခြားသည့် အိမ်ရှေ့ခန်းမှ
မေမေ့ကို ပြောနေသော လူကြီး၏ စကားများကြောင့်... ပန်ပန် အိပ်ရာထဲလဲနေရင်းက မျက်နှာလေးမဲ့ရွဲ့ပြောမိသည်။

" အန်တီ ပန်သုခေတ် ကို ဘယ်မှပေးမသွားပါနဲ့။
သူ့ခြေထောက်ကို မလှုပ်ရှားဖို့ မှာလိုက်ပါတယ်။
သူ့အလုပ်ကိုလည်း ကျွန်တော် ဒီနေ့ပဲ ထွက်ခိုင်းထားလို့.... နောက်နေ့ကို ပန်သုခေတ် အလုပ်သွားစရာလည်း မလိုတော့ဘူး အန်တီ "

သူမ ဘယ်မှမသွားနိုင်အောင် ယောက္ခမကို အလုပ်ထွက်ခိုင်းထားတာကိုပါ တစ်ခါတည်းပြောလိုက်သည်။

" သမီး က အလုပ်ထွက်တယ် "

" ဟုတ်ပါတယ်။ ကျွန်တော် ထွက်ခိုင်းတာပါ။လက်ထပ်ပြီးရင် ပန်သုခေတ် ကို အလုပ်ဆက်မလုပ်ခိုင်းပါဘူး။ပန်သုခေတ် သူများ က ခိုင်းတာကို လုပ်နေရတဲ့ ပုံစံကို ကျွန်တော် မမြင်နိုင်ဘူး။
အခု မြန်မြန် အလုပ်ထွက် ခိုင်းရတာကလည်း ပန်သုခေတ် ခြေထောက်က အနားပေးဖို့ လိုတာကြောင့်ပါ "

ဒေါ်ဝေဝေ သမီးအတွက် ပူပင်မှုရှိပုံရသည့်
သမက်လောင်းကို တော်တော်လေး သဘောကျမိ၏။

" စိတ်ချပါ။အန်တီ သမီး ကို အိမ်မှာပဲ နေခိုင်းပါမယ် "

" ဟုတ်ကဲ့ ဒါဆိုရင် ကျွန်တော် ပြန်လိုက်ပါဦးမယ် ဗျ "

ခင်ပွန်းလောင်း၏ မာယာပရိယာယ် CompletedWhere stories live. Discover now