ခင်ပွန်းလောင်း၏ မာယာပရိယာယ် Part(3)

6.1K 184 4
                                    

        ခင်ပွန်းလောင်း၏ မာယာပရိယာယ်

                         အခန်း   (၃)

"ပန်ပန် တစ်ပတ်ပြည့်တာနဲ့ အလုပ်ပြန်လာမှာပါ"

"................"

" တကယ် အတည်ပြောတာပါ။အာ့ကြောင့် ပန်ပန့် ကို တစ်ပတ်တော့ ခွင်ပေးပါနော် "

" ဟုတ်ကဲ့ မမဒါ "

" ................... "

" ဟုတ်ကဲ့ ပန်ပန့် ကို ခွင့်တစ်ပတ်ပေးလို့ ကျေးဇူးပါ မမဒါ "

" ................ "

" ဟုတ်   ဟုတ်ကဲ့ပါ မမဒါ "

သူဌေးအဘိုး နာရေးကြောင့် မေမေ က ခွင့်တစ်ပတ်ယူပြီး လိုအပ်တာ ကူညီလုပ်ကိုင်ပေးဖို့ ပြောတာကြောင့်... ပန်ပန့်မှာ တစ်ပတ်ခွင့်ရဖို့ အရေး မမဒါ ကို မနည်းပြောယူလိုက်ရသည်။

" ခွင့်ရလား... သမီး "

" ရတယ် မေမေ "

" ရော့... သမီး ကိုကို ကို ယူလာခိုင်းထားတဲ့ အဝတ်အိတ် ပြီးရင် အဝတ်စားလဲလိုက် "

" ဟုတ်ကဲ့ "

" မေမေတော့ သမီး ကိုကိုနဲ့အတူ အိမ်ပြန်လိုက်သွားမယ်။အစ်မပပမျိုးမောင်ကိုလည်း မေမေ
အိမ်ပြန်မယ်ဆိုတာ ပြောပြီးပြီ။သမိီးကိုတော့
သူကလည်း ထားခဲ့ပေးဖို့ ပြောတယ် "

" မေမေက ပြန်မှာလား... ဒါဆို ပန်ပန် က တစ်ယောက်တည်း ကျန်နေရမှာပေါ့ "

" မေမေနဲ့ သမီး ကိုကို က အပင်တွေ ကြည့်ရမယ်လေ။သမိီး ကိုကို မိုးလင်း မိုးချုပ် ပန်းစိုက်ခင်းတွေကို ပြုစုရ၊ခူးရ၊ဆေးဖျန်းရ၊ရေလောင်းရနဲ့
ချက်ပြုတ်စားဖို့ စျေးဝယ်ဖို့ အချိန်မရှိဘူးလေ။
ဂန္ဓမာတွေက ဒီလထဲ အကုန်ခူးမှရတော့မှာ။နေ့စားသမားရှိပေမယ့်... ပန်းလက်ကာ ဝယ်သူတွေလာရင် ရောင်းတာ၊စျေးအလျော့အတင်းတွေကျ မေမေရှိမှ အဆင်ပြေတာ သမီးလည်းသိရဲ့နဲ့ "

မေမေ ပြောတာလည်း ဟုတ်ပါသည်။
အိမ်မှာ ကိုကိုတစ်ယောက်တည်းဆိုရင် စားရေး၊သောက်ရေးကအစ အဆင်ပြေမည် မဟုတ်ပေ။

" အာ့ဆိုလည်း မေမေ ပြန်လိုက်ပါ။ပန်ပန် နေခဲ့လိုက်ပါမယ် "

" အဘွားအနားနေပေးပြီး၊အဘွားကို သေချာ ဂရုစိုက်ပေးလိုက်နော် "

ခင်ပွန်းလောင်း၏ မာယာပရိယာယ် CompletedWhere stories live. Discover now