ခင်ပွန်းလောင်း၏ မာယာပရိယာယ် Part(18)

4.3K 146 0
                                    

          ခင်ပွန်းလောင်း၏ မာယာပရိယာယ်

                           အခန်း   (၁၈)

.

.

" ကိုယ့်ကို လက်ထပ်ခွင့် ပေးနိုင်မယ်မလား... ဘေဘီ "

နှင်းဆီပန်းစည်းကြီးကို ပန်ပန့်ရှေ့ဆီ ထိုးပေးပြီး
လက်ထပ်ခွင့် ထပ်တောင်းပြန်တဲ့ လူကြီးကြောင့်
.... ပန်ပန့်မှာ တဒိန်းဒိန်းခုန်လာတဲ့ ရင်ဘက်လေးကို လက်ဖဝါးနှစ်ဖက်ဖြင့် ဖိပြီး... အသက်ကို မှန်မှန်နဲ့ အရင်ရှူရသေးသည်။ပြီးမှ လူကြီးတောင်းတဲ့ လက်ထပ်ခွင့် အဖြေကို ပေးဖို့ အသည်းအသန် စဥ်းစားရ၏။

​"" လူကြီး ကို ပန်ပန် မချစ်ဘူး "" ဟု ပန်ပန် ကိုယ်တိုင်က ကြွေးကြော်ပြီး ပြောထားခဲ့တာ
မဟုတ်လား...။

အခုလို မထင်မှတ်ထားဘဲ လက်ထပ်ခွင့် အတောင်းခံရချိန်မှာတော့... လူကြီး ကို ချစ်လား၊မချစ်ဘူးလားဆိုတာ ပန်ပန်ကိုယ်တိုင်က မတွေးတတ်တော့သည်။အရမ်းတေ ခုန်နေပါသော နှလုံးသားလေးကြောင့် ဘာမှကိုလည်း အခုချိန်မှာ တွေးတောလို့ကို မရတော့တာပါ။

အခုလက်ရှိ ပန်ပန် အသိစိတ်ထဲမှာ သိနေတာဆိုလို့...

မတ်တက်ရပ်နေတဲ့ ပန်ပန့် ရှေ့တည့်တည့်မှာ ဒူးတစ်ဖက်ထောက် ထိုင်ပြီး၊ကြည်ပြာရီဝေနေသော ညို့မျက်ဝန်းကြီးတွေနှင့် ပန်ပန့်ဆီ က လက်ထပ်ခွင့် အဖြေကိုစောင့်မျှော်နေသည့်... လူကြီး၏ အကြည့်ရဲ့ ညို့ဓာတ်များကြောင့်... ရင်တွေခုန်နေ
ပြီး စိတ်ထဲမှာ ကြည်းနူးနေမိတယ်ဆိုတာကိုပဲ
သိတော့သည်။

" ကိုယ့်ကို တစ်ညလုံး ဒူးထောက်ခိုင်းထားတော့မလို့မလား...။အဖြေရော ပြန်မပေးတော့ဘူးလား
ဘေဘီ "

အကြည့်နဲ့တင်ကို လူက နှလုံးသားတင်မဟုတ်ဘဲ ခြေ၊လက်တွေပါ အေးစက်၍ တုန်နေရတာကို၊လူ
ကြီး က ""ဘေဘီ"" လို့... ဆွဲဆွဲငင်ငင်နဲ့ ခေါ်လိုက်တာကြောင့်... ပန်ပန့် နှလုံးသားက လူကြီးရှေ့မှာ လမ်းပျောက်သွားရတော့သည်။

မီးရောင်အောက်မှာ မြင်နေရတဲ့ အရောင်တွေဖြာနေသည့် လူကြီး၏ မျက်ဝန်းအကြည့်များက စူးရှလွန်းနေတာကြောင့်... ပန်ပန်မှာ ခေါင်းလေးမော့ပြီးတောင် မနေတတ်တော့သည်မို့... အောက်နူတ်ခမ်းသားလေးကို သွားလေးနှင့် ဖိကိုက်ပြီး... ရှက်ပြုံးလေးနဲ့ ခေါင့်ကို ငုံ့ချလိုက်ရသည်။

ခင်ပွန်းလောင်း၏ မာယာပရိယာယ် CompletedWhere stories live. Discover now