ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၇)
" ဘာလို့ မလိုက်တာလဲ သမီးရယ်...
အစ်မနဲ့ အဒေါ် က မေမေ့ကို ဒီနေ့လာရင် သမီးပါလိုက်မယ်မလားလို့... ညက မေးနေကြတာ။မေမေကလည်း လိုက်လာမယ်လို့ ပြောထားတာ "" ပန်ပန်လည်း လိုက်ချင်ပါတယ်။ဒါမယ့် ပန်ပန် က ဒီနေ့ idol တစ်ယောက်ရဲ့ မန်နေဂျာအဖြစ်
စပြီး လုပ်ပေးရတော့မှာ။အဲ့ဒါကြောင့် အဘိုး ရက်လည်ကို လိုက်ဖို့ အဆင်မပြေတာ။မေမေကပဲ အဘွားနဲ့ အန်တီ့ကို နားလည်အောင် ကြည့်ပြောပေးပါနော် "" သမီးရယ် မျက်နှာပူစရာဖြစ်ရပြီကွယ် "
" ပန်ပန်လည်း တမင်လုပ်တာမှ မေမေကလည်း "
" အင်းပါ။ အလုပ်ရှိတော့လည်း ဘယ်တတ်နိုင်မလဲ။မေမေပဲ အစ်မတို့ကို ကြည့်ကောင်းအောင်
ပြောလိုက်ပါ့မယ် "" ဟုတ်ကဲ့ မေမေ "
" ဒါဆို မေမေ သွားတော့မယ်။အဆာပြေစားသွားဖို့ မမေ့နဲ့နော်။အုပ်ဆောင်းအောက်မှာ သမီးတို့မောင်နှစ်ယောက် စားဖို့ မေမေ ပြင်ဆင်ထားတယ်။ထမင်းချိုင့်ပါ ထုပ်ပေးလိုက်လို့ ယူသွားနော် "
" ဟုတ်ကဲ့ မေမေ "
" ဟင်း... "
မေမေသွားတော့မှပဲ ပန်ပန် သက်ပြင်းသာချနိုင်သည်။
ဘာကြောင့်ဆို ပန်ပန် ပြန်လာတဲ့နေ့ကတည်းက
ဖုန်းတွေ တောက်လျှောက် ဆက်နေတဲ့ ဦးမင်းဓနဇုန်ကြောင့်ပင်။သူ့ကို ထပ်မတွေ့ချင်တော့သလို
လက်ထပ်ဖို့ဆိုတာကိုလည်း အသံတောင်မကြားချင်တာမို့ တမင် ခေါ်သမျှ ဖုန်းကောလ်တွေကို ချပစ်ခဲ့ပြီး... ပို့သမျှ မက်ဆေ့တိုင်းကိုလည်း ဝင်မဖတ်ဘဲ ထားခဲ့သည်။တကယ်ပါ သူ့ကိုလေ လက်မထပ်လို့ရရင် သိပ်ကောင်းမှာ။
အခုတော့ သူ့ကို လက်ထပ်ရမယ်ဆိုတဲ့ အတွေးနဲ့တင် လူက ကိုယ့် idol ကြီးနဲ့ အနီးကပ် အလုပ်လုပ်ခွင့်ရတာတောင်မှ ကောင်းကောင်း မပျော်နိုင်တဲ့ ဘဝ။
" ညိီမလေး ကိုကိုတို့ အဆာပြေ စားကြရအောင် "
" ဟုတ်ကဲ့ ကိုကို "
