ခင်ပွန်းလောင်း၏ မာယာပရိယာယ် Part(11)

4.3K 138 2
                                    

         ခင်ပွန်းလောင်း၏ မာယာပရိယာယ်

                           အခန်း   (၁၁)

လူကြီးတို့အိမ်ကို ပန်ပန် ရောက်တော့...
အိမ်ရှေ့ဧည့်ခန်းအလည်က ထိုင်ခုံတွေမှာ
မေမေနှင့်ကိုကိုအပါအဝင် အဘွား၊အန်တီဒေါ်ပပမျိုးမောင််ရယ်နှင့် လူကြီးရယ်က မျက်နှာစုံညီ ထိုင်နေကြသည်။

ပန်ပန် အိမ်ဝကနေ ထိုင်ခုံတွေအနားကို လျှောက်
သွားလိုက်သည်။ပန်ပန် အကဲခတ်ရသလောက်
မေမေရော၊အဘွားတို့ရော မျက်နှာတွေက သိပ်မကောင်းတွေ့ရသည်။ဘာများဖြစ်လို့လဲ တွေးရင်းဖြင့်...

" ပန်ပန် ရောက်ပါပြီ မေမေ "

" လာထိုင်လှည့် ဒီဘေးကို "

မေမေ က ခပ်တင်းတင်း မျက်နှာနဲ့ ပန်ပန့် ကို
သူ့ဘေးက ထိုင်ခံမှာ ဝင်ထိုင်ခိုင်းသည်။

ပန်ပန်လည်း မေမေ ဘာလိို့ ငါ့ကို စိတ်ဆိုးနေရတာလဲ တွေးရင်း... မေမေနှင့် ကိုကို့ကြားမှာရှိနေသည့် ထိုင်ခုံအလွတ်မှာ ဝင်ထိုင်လိုက်ရတယ်။

ပန်ပန် ထိုင်ရသည့် နေရာသည် လူကြီးနဲ့တော့...
မျက်နှာချင်းဆိုင်ကျပါသည်။

ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည့် လူကြီးကတော့ ပန်ပန့် ကို တစ်ချက်မျှပင်ကြည့်မလာတာမို့...

ဒီလူကြီး ဘာများဖြစ်နေတာလဲလို့ပင် တွေးမိ၏။

" ​မြေးမလေး ကို အဘွားမေးချင်တာ ရှိတယ်။အရေးကြီးလို့ သေချာဖြေပေးနော် "

အဘွား က ပန်ပန့် ကို ကြည့်ပြီး ပြောလာတာမို့...

" ဟုတ်ကဲ့။ မေးပါ အဘွား "

" အဘိုးရှေ့မှာ အဘွားမြေးနဲ့ လက်ထပ်ပါ့မယ်လို့ မြေးမလေး နူတ်ကနေ ပြောခဲ့တယ်မလား... "

" ဟုတ်ပါတယ် အဘွား "

" အဲ့လို ပြောခဲ့ပြီး၊ညကလည်း အဘွားမြေးနဲ့အတူ ရှိနေခဲ့ပြီးမှ မြေးမလေး က ဘာလို့ အဘွား မြေးနဲ့ လက်မထပ်ချင်ဘူးလို့ ပြောရတာလဲ။မြေးမလေးရဲ့ အပြောင်းအလဲမြန်လွန်းတဲ့ စိတ်ကြောင့် အဘွားတို့လူကြီးတွေ ဘယ်လောက်ထိ စိတ်မကောင်းဖြစ်နေရလဲဆိုတာ သိရဲ့လား... "

ခင်ပွန်းလောင်း၏ မာယာပရိယာယ် CompletedWhere stories live. Discover now