ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၃၀)
.
.
.
" သားဓန စားလို့ အဆင်ပြေရဲ့လား...တစ်အိမ်နဲ့
တစ်အိမ်က ဟင်းချက်လက်ရာတွေ မတူကြတော့
သား စားရတာ အဆင်မပြေဖြစ်နေမှာဆိုးလို့... "" အဆင်ပြေပါတယ် မေမေ။ကျွန်တော့် မေမေလိုပဲ မေမေလက်ရာလည်း ကောင်းပါတယ် "
" ဘယ်တုန်းက သားနဲ့ မေမေဖြစ်သွားကြတာလဲ
ဟင် "" အဟင်း... ဘယ်တုန်းကလဲ ဆိုတော့... ဘေဘီ
ရေချိုးနေတုန်း မေမေ ထမင်းပြင်နေတဲ့ အချိန်တုန်းက ထမင်းကူပြင်ပေးရင်းနဲ့ ခေါ်ဖြစ်သွားတာ။ယောက်ဖနဲ့က အစ်ကိုနဲ့ ညီလေးဖြစ်သွားပြီ "" ဒါဆို ပန်ပန့်ကိုရော ဘယ်လိုခေါ်မှာလဲ လူကြီး "
" အဟင်း... ဘေဘီ က ကိုယ့်မိန်းမလေးပေါ့ "
" မိန်းမလေးပဲလား... တခြားဟာ ချစ်စရာ အခေါ်အဝေါ်လေး တစ်ခုလောက်ခေါ်မပေးချင်ဘူးလား...။ပန်ပန်လေ လူကြီးဆီကနေ ချစ်စရာနာမ်စားလေးတစ်ခုလောက်နဲ့ အခေါ်ခံဖူးချင်လို့လေ "
ထမင်းစားနေတဲ့ နေရာလည်းဖြစ်၊ယောက္ခမနှင့်
ယောက်ဖလည်းရှိနေတဲ့ နေရာမှာမှ အချွဲစိန်လေး လုပ်နေတဲ့ သူမကြောင့်... ဓနမှာ အသည်းတယားယား ဖြစ်နေရ၏။နှစ်ယောက်တည်းသာ ရှိတဲ့နေရာမှာဆိုရင် သိပ်ချွဲနေတဲ့ သူမကို စိတ်ရှိလက်ရှိကို နမ်းပစ်လိုက်တာကြာပေါ့။" လူကြီး လို့... မခေါ်ပေးဘူးလား ဟင် "
" အခန်းထဲရောက်ရင် ခေါ်ပေးမယ် "
" အခု နားထောင်ချင်တာလေ... ချစ်ဖို့ကောင်းတဲ့
နာမည်လေးတစ်ခုလောက် ခေါ်ပေးပါလို့... နော်
နော်... "ပန်ပန် မေမေတို့ ရှိလို့ ရှက်နေတဲ့ လူကြီး ကို ချွဲသလိုလိုနဲ့ စနေတာပဲ ဖြစ်သည်။
" သမီးကလည်း ထမင်းကို အရင်ပြီးအောင် စားလေ။ပြီးတော့မှ စကားပြောလေ "
တော်ပါသေးရဲ့ ကယ်တင်ရှင် ယောက္ခမကြီးကို
ဆယ်ကြိမ်မက ထိုင်သာကန်တော့ ပစ်ချင်လိုက်တော့သည်။
