ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၁၅)
" ပန်ပန် မင်းမှာ ချွေးတွေကြီးပဲ ဆက်မစားပါနဲ့တော့လား။တအားစပ်နေတာ ဗိုက်အောင့်နေမယ်။ မာလာရှမ်းကောရောပဲ "
" မအောင့်ပါဘူး အစ်ကိုမိုးထက်ရဲ့.. ဟော့ပေါ့အစပ်က ပန်ပန် စားနေကြပါ။စပ်တာက မာလာရှမ်းကောကြောင့်ပါ။ ပန်ပန်တို့ မှာတုန်းက အစပ်နဲ့အထုံပိုထည့်ခိုင်းမိလို့ နည်းနည်းလေး စပ်ပြီး ချွေးပြန်နေတာပါ။ပြီးတော့ ဟော့ပေါ့အရည်က
နောက်နှစ်အိုးတောင် ထပ်မှာထားသေးတာ။မတော်နိုင်သေးဘူး။စားအုံးမှာ "မိုးထက်သျှန် အစပ်ကြိုက်ပုံရသည့် သူ့မန်နေဂျာမလေးကို ဆက်မစားဖို့ ပြောမနေတော့ဘဲ... ရေသန့်ဘူးထဲက ရေကိုသာ ဖန်ခွက်ထဲလောင်းထည့်
ပြီး သူမရှေ့ကို ချပေးလိုက်သည်။" ရှူး... ကျေးဇူး အစ်ကိုမိုးထက် "
ပန်ပန် သောက်ဖို့ ရေထည့်ပေးသည့် အစ်ကိုမိုးထက်သျှန် ကို ကျေးဇူးတင်စကားပြောလိုက်သည်။
ပြီးတာနဲ့ အရမ်းကြိုက်သည့် မာလာရှမ်းကောကိုရော ဟော့ပေါ့ကိုရော စတိုင်လစ် အစ်မတွေနှင့်
ရယ်မောကာ စကားပြောရင်း အားပါးတရ စားပစ်လိုက်သည်။ပန်ပန်တို့ ဝိုင်းမှာပဲ အတူထိုင်ကာ... အသံအတွက် အစပ်နှင့် ဆီကြော်တွေ ရှောင်ပြိီး၊ရေခဲရေတောင် သိပ်မသောက်သည့် အိုင်ဒေါ အစ်ကိုမိုးထက်သျှန်ကတော့... မာလာရှမ်းကောအစပ်ရော ဟော့ပေါ့အစပ်ကိုရော မစားပါဘူး။
ဟော့ပေါ့အချိုကို မှာပြီး တစ်ယောက်တည်းစားသည်။စားတယ်သာ ပြောတာပါ။ပန်ပန်တို့လို
အများကြီး စားတာ မဟုတ်။အသားဖက်လေးနည်းနည်း၊အသီးအရွက်လေးနည်းနည်းသာစားပြီး အရည်သောက်တာပဲရှိသည်။အစားနည်းသည့် အိုင်ဒေါ က ပန်ပန်တို့ စားနေတာကို ဖုန်းသုံးရင်းဖြင့် စိတ်ရှည်စွာ စောင့်နေပေးသည်။တခြားဝိုင်းတွေမှာ စားနေကြသည့် ရှုတင်အဖွဲ့သားတွေနှင့် MTVမှာပါတဲ့ သရုပ်ဆောင်တွေ စားတာကိုလည်း လိုအပ်တာ ရှိမရှိ လိုက်ကြည့်သေးသည်။
