ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၁၃)
" လူကြီး က အရမ်း တရားလွန်တာပဲ "
" ဘာကွ! "
တရားလွန်တယ်လို့ပဲ ပြောရသေးတယ်။လူကို
အော်လိုက်တာများ... လိပ်ပြာတောင် လွင့်တော့မလို့...။" အလုပ်မအားလို့ မအားဘူးပြောတာကို ဘာလို့ ပန်ပန့် ကို အော်ရတာလဲ လူကြီး က "
စူပုတ်ပုတ် မျက်နှာလေးနှင့် သူ့အား မေးခွန်းထုတ်လာသည့် သူမ။
" ဘာလို့ အော်တာလဲ ဟုတ်လား။မင်းအလုပ်များတာထက်၊ကိုယ်က အလုပ်များတယ်ကွ။အဲ့ဒါကို မင်းက ကိုယ့်ဘက်ကို မတွေးပေးဘဲနဲ့၊မင်းအလုပ်များတာကို အကြောင်းပြနေလို့... စိတ်တိုလို့ အော်လိုက်တာပဲ "
သူ့ရဲ့ ရှင်းပြချက်ကြီးကြောင့် ပန်ပန် နှာခေါင်းရှုံ့မိ၏။
" မိန်းကလေးတစ်ယောက်ကို တကယ်ချစ်တဲ့
ယောက်ျားလေးတွေက သူတို့ရဲ့ အလုပ်တွေထက်
မိန်းကလေးဘက်ကို ပိုဦးစားပေးတယ်လို့... ပန်ပန် ကြားဖူးတယ် "" အဲ့တော့... မင်းပြောချင်တာ က! "
" မပြောချင်ပါဘူး။ပန်ပန် လက်ထပ်ရမယ့် သူက
ပန်ပန့် ကို ချစ်တဲ့သူ မဟုတ်ဘူးဆိုတာကို တွေးမိလို့... ဒီတိုင်းလေး ပြောလိုက်ရုံပါပဲ "စကားတတ်မလေး... သူ့ကို ပြောချင်တာကိုများ
တည့်မပြောဘဲ ကွေ့ပတ်ပြီးတော့ ပြောနေတာက
တကယ့် အသည်းယားစရာလေး။ကိုယ်ကလည်း သူမထက်လည်လို့ ကို သူမ ကို
ကိုယ့်ဇနီးအမြန်ဖြစ်လာအောင် ကြံရွယ်နေတာမဟုတ်လား။" မင်းအလုပ်များလည်း ကိုယ့်ဘက်က မင်္ဂလာပွဲကို ရက်ထပ်မရွှေ့ပေးနိုင်ဘူး။ကိုယ်လည်း ဒီလထဲမှာ အလုပ်တွေများတယ်။အလုပ်တွေများတဲ့
ကြားကနေပဲ မင်္ဂလာပွဲကို ပြင်ဆင်နေတာ။အဲ့ဒါ
ကြောင့် မင်္ဂလာပွဲကို သတ်မှတ်ထားတဲ့ ရက်မှာပဲ လုပ်မယ် "အတ္တကြီးလိုက်တဲ့ လူကြီး၊သူများဘက်ကို နည်းနည်းလေးမှ တွေးမပေးဘူး။ထမင်းစားရင် လျှာကိုက်မိပါစေ ဟွန့်။
