ခင်ပွန်းလောင်း၏ မာယာပရိယာယ်
အခန်း (၂၄)
.
.
" Fan meeting ပွဲကို လာမယ့် Fansလေးတွေအတွက် ကျွန်တော့် ပုံပါတဲ့ သော့ချိတ်လေးတွေကို လက်ဆောင်ပြန်ပေးဖို့ အကြံပြုတာကို ကျွန်တော်လည်း သဘောကျပါတယ်။ပြီးတော့
အဲ့နေ့မှာ ပွဲကိုလာတဲ့ Fansတွေကို ဦးထုပ်လေးတွေ လက်ဆောင်ပေးချင်တယ်။အဲ့အတွက်က ကျွန်တော့် ငွေနဲ့ပဲ လုပ်မယ်။စီအီးအိုရဲ့ သဘောကို သိချင်ပါတယ် "" ကောင်းပါတယ် မဆိုးပါဘူး။ငါလည်း သဘောကျတာမို့ ဒီအစီစဥ်အတိုင်းပဲ ဆက်လုပ်တာပေါ့ "
" အဖွဲ့မှူးကရော ဘာအကြံပေးစရာရှိသေးလဲ "
" ငါ့သဘောကလည်း စီအီးအို သဘောပဲ။အကြံတော့ ပေးစရာမရှိတော့ဘူး။အကောင်းဆုံးကို
မင်း က လုပ်ဖို့လုပ်နေတာပဲ "" ဒါဆို Fanmeetingပွဲအတွက် မီတင်ကို ဒီမှာပဲ ရပ်တာပေါ့။ဟို မန်နေဂျာလေး ပြောစရာရှိသေးလား... "
မီတင်တလျှောက် ပြောဆိုနေတာတွေထဲမှ အရေးကြီးသည့် အချက်တွေကို လိုက်မှတ်နေတဲ့ ပန်ပန့် ကို... စီအီးအို အစ်မရတနာ က ပြုံးစစနဲ့ လှမ်းကြည့်ပြီး... မေးလာတာကြောင့်... လက်ထဲက ဘော့ပင်ကို ချပြီး...
" ပန်ပန့်မှာ ပြောစရာမရှိပါဘူး စီအီးအို ရှင့် "
ပန်ပန် တလေးတစားနဲ့ ပြန်ဖြေတော့... စီအီးအိုက မီတင်ပြီးကြောင်း ပြောပြီး... ထိုင်ခုံကနေ အရင်ဆုံး ထပြန်သည်။
" ဒါဆို အားလုံးပဲ နောက်ရက်မှ ထပ်တွေ့တာပေါ့ "
" ဟုတ်ကဲ့ စီအီးအို။ဟုတ်ကဲ့ "
" ကဲ ဒါဆို ငါတို့လည်း သွားလိုက်အုံးမယ် "
" ဟုတ်ကဲ့ အဖွဲ့မှူး "
မီတင်မှာ အကြီးပိုင်းတွေဖြစ်တဲ့ စီအီးအိုနဲ့ အဖွဲ့မှူးက ပြန်သွားတော့... အစ်ကိုမိုးထက်နဲ့ ပန်ပန် သာ
ကျန်တော့သည်။" ပန်ပန် မင်း အပြန်ကို ငါနဲ့ လိုက်ခဲ့ "
" ဘာလို့လဲ အစ်ကိုမိုးထက် "
" လိုက်ပို့ချင်လို့... ပြောစရာလည်း ရှိလို့.... "
" အာ့ဆိုလည်း ပန်ပန် လိုက်ခဲ့ပါမယ် "