Facts

1K 116 1
                                    

ဒီနေ့မှာတော့ ဒီဝတ္ထုထဲက
မေဒီပါခင် အကြောင်း မ​ဖော်ပြဖြစ်ခဲ့တာတွေကို ပြောပြပါမယ် ။

စိတ်ဝင်စားရင်တော့ ဖတ်ကြည့်ပါ။

မေဒီပါခင် က
ကိုဒီပါဦး နဲ့ မေလွန်းရှင်တို့ရဲ့ မြေးဖြစ်ပါတယ်။ ဒါကတော့ သိထားပြီးသား ဖြစ်မှာပါ ။

မေလွန်းရှင် သေပြီးနောက်မှာ ကိုဒီပါဦးဟာ နောက်အိမ်ထောင်ပြုခဲ့ပါတယ် ။ နောက်အိမ်ထောင်နဲ့တော့ သားသမီးတွေ ရခဲ့တာ များပါတယ် ။

မေလွန်းရှင်ရဲ့ တစ်ဦးတည်းသော ရှင်ကျန်ရစ်ခဲ့တဲ့ သမီးလေးလည်း အိမ်ထောင်မကျခင်အထိ အဲ့ဒီမှါပဲ အတူတူနေခဲ့တာပါ ။

နောက်တော့ အိမ်ထောင်ကျပြီး မေဒီပါခင်လေးကို မွေးပြီး ၊ မေဒီပါခင် ၅ နှစ်သားလောက်မှာပဲ မတော်တဆ တစ်ခုကြောင့် နှစ်ယောက်လုံး ဆုံးပါးသွားခဲ့ပါတယ် ။

အဲ့ဒီအချိန်ကစပြီး မေဒီပါခင်ဟာ သူ့အဖိုးအိမ်ကို  ရောက်လာခဲ့ပါတယ် ။ မေဒီပါခင်ဟာ လုံးဝကို စကားတစ်ခွန်းမှ မပြောဘဲ တစ်နှစ်တိတိ နေခဲ့ဖူးပါတယ် ။ နောက်တော့မှ အဖိုးဖြစ်သူနဲ့ ရင်းနှီးလာတော့မှ သူ့အဖိုးကိုပဲ စကားပြောခဲ့တာပါ ။

ဒီပါက အမှောင်ထဲမှာပဲ နေပါတယ် ။
စိတ်ကို အမှောင်ချပြီး ရှင်သန်နေခဲ့တာပါ ။ အမှောင်ကို ခံစားတတ်ပေမဲ့ အလှအပကို မခံစားတတ်တာကြောင့် ဘယ်သူနဲ့မှ ပေါင်းသင်းလို့လည်း မရခဲ့ပါဘူး ။ အိမ်မှာ အတူရှိတဲ့သူတွေကလည်း သူ့ကို မရှိတဲ့လူကို ထင်ရတဲ့အထိ တိတ်ဆိတ်ခဲ့တာပါ ။

ပြီးတော့ သူဟာ ပန်းချီဆရာအစစ်လည်း မဟုတ်သလို ၊ စာရေးသူလည်း မဟုတ်ပါဘူး ။

သူ့ဘာသာ လုပ်စရာမရှိလို့ ဒီအတိုင်း သူ့ကိုယ်သူ သတ်မှတ်ပြီး လျှောက်လုပ်နေခဲ့တာ ။

အိမ်အိုကြီးကို ရောက်မလာခင်အထိ သူ့မှာ ဘာ ပန်းချီတစ်ချပ်မှ ဆွဲမပြီးခဲ့သလို စာလည်း တစ်ပုဒ်မှ မရေးခဲ့ဖူးပါဘူး ။ ငယ့်ပုံတူကို မဆွဲနိုင်ခဲ့တာလည်း မဆွဲတတ်လို့သာ ဖြစ်ပါတယ် ။

ငယ်နဲ့ တွေ့ပြီးတော့မှ အမှောင်ထဲက ထွက်လာနိုင်ခဲ့တာပါ ။

နောက်ဆုံးအနေနဲ့
ဒီအိမ်ကြီးအကြောင်းနဲ့ ဝတ္ထုကို အပြီးသတ်ရေးဖို့အတွက်တောင် ၁၅ နှစ် အချိန်ကြာခဲ့ပါတယ်။

အဲ့ဒါပြီးနောက်မှာတော့ သူ့ကို ပိတ်လှောင်ထားတဲ့ အမှောင်ထဲက လုံးဝကို ပြန်လည် လွတ်မြောက်လာခဲ့တာလို့ ဆိုရပါမယ် ။

ဒီထဲက ဇာတ်ကောင်တွေ အကုန်လုံးဟာ
သူ့နည်းသူ့ဟန်နဲ့သူ တစ်နေရာစီမှာ ပိတ်မိနေခဲ့ကြတာမျိုးပါ ။ ဒီထဲမှာ အပေါ့ပါးဆုံးလို့ ထင်ရတဲ့ မေဒီပါခင်တောင် အဲ့လို ကလေးမျိုး ဖြစ်ခဲ့တာပါလို့ ။

နောက်ဆုံးမှာတော့ လွတ်မြောက်သွားကြလေသတည်းပေါ့ ။ ဒါက Happy Ending ပါပဲ ။

ဘယ်သူမှ မမေးပေမဲ့ ပြောပြချင်စိတ် ပေါ်လာလို့ပါ ။

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now