Unicode
မြန်ဆန်ပြီး ရုတ်တရက်ဖြစ်လာသော အခြေအနေကို ဒီပါ အံ့ဩလွန်းသဖြင့် နောက်ပြန်ထိုင်လျက်လဲကျသည်အထိ။
ဒီပအရှေ့ ရပ်နေသူဟာ ပန်းချီကားထဲက ထွက်လာသည့် 'ငုဝါငယ်' ။
ပန်းချီကားထဲကအတိုင်း အဝါမှိုင်းရောင်ဂါဝန်ရှည်လေးဝတ်ဆင်ထားပြီး လည်တိုင်မှာတော့ အဝါမှိုင်းရောင်လည်စည်းလေးနှင့် ငယ်ဟာ ဒီပါ့ အိမ်မက်ထဲကအတိုင်း ။
ဒီပါကိုယ်တိုင် ထူးဆန်းသည့် အိမ်မက်များကို ကြုံတွေ့ခဲ့ရပြီးနောက် သဘာဝထက်ကျော်လွန်စွာ ငယ့်ကိုပင် ချစ်မိခဲ့ပြီးပြီမို့ ယခုကဲ့သို့ ဖြစ်ရပ်ကို မယုံကြည်နိုင်စရာအကြောင်းတော့ မရှိပါ။ သို့သော် မယုံရဲစွာ အိမ်မက်ဟုသာ ထင်နေမိဆဲ ။
"မမက ငယ့်ကို လာရှာခဲ့လို့
ငယ် သိပ်ပျော်တာပဲ ၊ သိရဲ့လား"ငယ်က ပျော်ရွှင်မြူးထူးစွာ ထိုစကားတစ်ခွန်းကိုသာ ထပ်ခါထပ်ခါပြောနေပြန်၏ ။ ထို့နောက် လဲကျနေသည့် ဒီပါ့ကို တွဲကူဖို့ ငယ်က ရှေ့ကိုပိုတိုးလာသည် ။
"ငါ အခု
အိမ်မက်မက်နေတာလား ""အိမ်မက်မဟုတ်ပါဘူး မမ ရဲ့
မမ ငယ့်အနားကို တကယ်ထပ်ရောက်လာတာ "ငယ့်ဆီက ကမ်းလင့်လာသည့် လက်ဖဝါးကို မရဲတရဲ ဆုပ်ကိုင်လိုက်တော့ နူးညံ့လွန်းသည့် အထိအတွေ့လေးဟာ စစ်မှန်နေတာပဲ ။
"ဒါ . ဒါ . အိမ်မက်မဟုတ်ဘူးပဲ "
ငယ်က သဘောတကျ ရယ်မောနေပြန်သည်။
"မမ ကိုပြောသားပဲ
အိမ်မက်မဟုတ်ပါဘူးဆို
အခု မမ ငယ့်ကို ခေါ်ထားမယ်မှလားဟင်
မဟုတ်ဘူး .. မမ က ခေါ်ထုတ်လာတာမို့ မမကပဲ တာဝန်ယူပေးရမယ် "တကယ်အိမ်မက်မဟုတ်တာ သေချာတော့မှပင် ထိတ်လန့်လွန်သွားသည့် အခြေအနေမှ အိန္ဒြရေပြန်ဆယ်ရင်း ထရပ်ရ၏ ။
"အဟင်း ခေါ်ထားဆိုရင်လည်း ခေါ်ထားမှာပေါ့
ဒါပေမယ့် .. တစ်ခု သိထားရမှာက ငါက နင့်မမ မဟုတ်ဘူးနော် ငါ့နာမည်ကမေဒီပါခင်. ဒီပါ လို့ခေါ်လို့ရတယ်"
![](https://img.wattpad.com/cover/198579959-288-k979785.jpg)
VOUS LISEZ
Fantastiqueလိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင် ကောင်းမယ် Fic Cover By @AL_LUKAR လိပ်ပြာငယ်လေးက အဝါမှိုင်းမှိုင်းချုပ်ချယ်မှုအောက်က လွတ်မြောက်နိုင်ရင်ကောင်းမယ် Fic Cover By @AL_LUKAR