၂၄

2.9K 396 36
                                    

Unicode



"ငယ် "

အသက်မဲ့နေပြီ ဖြစ်သည့် ငယ့်ခန္ဓာကိုယ်လေးကို ပွေ့ချီထားလျက်က ရက်အတော်ကြာ စိတ်ပင်ပန်းနေသည့် အရှိန်ဖြင့် မေလွန်းရှင်မှာ ပြိုလဲကျသွားတော့၏ ။ သူ သတိပြန်ရသည့်အချိန်မှာ ငယ့်ကို အရင်ဆုံး ရှာဖွေမိပေမယ့် ငယ်ဟာ ရှိမနေတော့ ။

" ငယ် ၊ ငယ် ရောဟင် ၊ ငယ်ရော လို့ "

သူမ မေးခွန်းကို ဘယ်သူမှ ပြန်မဖြေနိုင်ပဲ
တစ်ယောက်မျက်နှာ တစ်ယောက်သာ မသာမယာ လှည့်ကြည့်နေကြသည်။

"မေ သတိမေ့နေတာ သုံးရက်ရှိပြီ " 

"မဖြစ်ဘူး ငယ့်ကို ရှာရမယ် ၊
ငယ် သူတစ်ယောက်တည်း ဘယ်လိုနေမလဲ
ငယ်က အရမ်းအားငယ် တတ်တာ "

"မေ စိတ်ထိန်းပါအုံး
ငယ် ၊ ငယ်က လူ့လောကမှာ မရှိတော့ဘူးလေ မေရဲ့ "

ကိုဒီပါက ငိုသံကို မနည်းထိန်းချုပ်ထားရသည့် အသံကြီးဖြင့် တားလေသည်အထိ ထိုအဖြစ်အပျက်ကို မယုံကြည်ချင်သေး ။ 

"ငယ် က ဘာလို့မရှိရမှာလဲ ၊
မနေ့ညက ငယ့်ကို စမ်းချောင်းဘေးမှာ စောင့်ခိုင်းထားခဲ့တာလေ ပြီးတော့ ၊ ပြီးတော့ ၊ ပြီးတော့ မေ ပြန်ရောက်သွားတော့ ငယ် ရယ်လေ ငယ် ၊ ငယ် ၊ အား "

ငယ့်ပုံရိပ်ဟာ သူမအတွေးထဲ ပြန်ဝင်လာဟန်ရှိသည် ။ ငယ်ဟာ ဒီကမ္ဘာမှာ တကယ် မရှိတော့ကြောင်း လက်ခံလိုက်ရသည့် အချိန်မှာတော့ ကမ္ဘာကြီးဟာ အမှန်တကယ်ပင် ရပ်တန့်သွားခဲ့၏။

"မေ ငိုချင်လည်း ငိုချလိုက်လေ တင်းမထားနဲ့
ကိုယ် နားလည်ပါတယ် "

ဒါဟာ သူမ သူမစိတ်တင်းထား၍ မျက်ရည်တွေ ထွက်မလာခြင်း မဟုတ်ပဲ ငိုချင်သည် ရယ်ချင်သည် ၊ ဝမ်းနည်သည် ၊ ပျော်သည် စသဖြင့် ခံစားချက်များပင် ပျောက်ကွယ်သွားတာ ဖြစ်သည့်အကြောင်း ပြောပြချင်ပေမယ့် စကားလုံးတွေပါ ပျောက်ကွယ်နေပြန်၏။ သူမ နှလုံးသားသည်ပင် သူမခန္ဓာကိုယ်ထဲ ရှိမနေတော့ပဲ ငယ်ဟာ တပါတည်း ခေါ်ဆောင်သွားခဲ့သလိုရှိ၏ ။ ငယ် မရှိတော့သည့်အခါ အရာရာဟာ ပျောက်ကွယ်တတ်တာပါလား ။

ကိုဒီပါကဟာ ငယ့်စျာပန ကိစ္စများဖြင့် အလုပ်တွေရှုပ်နေပြီး သူမ အနားမှာ ကြာကြာမနေနိုင် ။ သူမ မိဘများကလည်း သူမ ကလေးမွေးပြီးနောက် အခြားမြို့ကြီးသို့ ပြောင်းရွှေ့သွားကြတာမို့ ယခုကိစ္စရပ်များကိုပင် သိကြသေးမည်မဟုတ်ပေ ။သူမ အနားမှာ ဘယ်သူမှ မရှိတော့သည့်အချိန်မှာတော့ ငယ့် ဆီသို့ ထွက်လာခဲ့ဖြစ်သည် ။ သူတို့ ငယ့်ကို ဘယ်မှာထားကြသလဲ ။ ညနေကို သင်္ဂြိုလ်ကြတော့မှာမို့ ခေါင်းတလားထဲ ထည့်ထားလောက်ရောပေါ့ ။ မှောင်မိုက်လွန်းသည့် ထိုနေရာကျဥ်းလေးထဲ ငယ်ဟာ တစ်ယောက်တည်း အထီးကျန်နေမှာပေါ့ ။

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Onde histórias criam vida. Descubra agora