၂၂

2.5K 400 30
                                    

Unicode

"ငုဝါ"

ထိုလူက တခြားမြို့ကဖြစ်တာမို့ လက်မထပ်ရသေးခင်မှာ ငယ်တို့အိမ်မှာသာ တည်းခိုနေတာ ဖြစ်လေသည် ။ ထမင်းစားကြတိုင်း ၊ လက်ဆုံစကားပြောကြတိုင်း ထို၏လူ မျက်နှာကို မြင်နေရခြင်းကပင် ငယ့်အတွက် တကယ့် ငရဲကဲ့သို့ ခံစားနေရပြီ ။ ထိုလူဟာ ငယ့်ကို ဘယ်တော့မှ အေးဆေး မနေစေခဲ့ပါ။ ငယ် တစ်ယောက်တည်း ရှိနေချိန်ဆို ရောက်ရောက်လာတတ်၏ ။ ယခုလည်း ငယ်တစ်ယောက်တည်း စိတ်တွေရှုပ်လွန်းသဖြင့် စမ်းချောင်းလေးကို သွယ်တန်းထားသော တံတားတိုလေးပေါ် ထိုင်နေချိန် ရောက်လာပြန်ပြီ ။ ငယ့်နာမည် အဖျားဆွတ်ခေါ်သံကို ထိုလူ့ဆီက ကြားလိုက်ရသည့်အခါ သေချင်လောက်အောင်ပင် စိတ်ညစ်ညူးမိသွားပေမဲ့ အတတ်နိုင်ဆုံး မျက်နှာကို မတင်းမိအောင်ထိန်းလိုက်ရ၏။

"ကိုမင်းအောင် .. ဘာပြောစရာရှိလို့လဲ "

" ကိုယ်တို့ ဆက်ဆံရေးက

ပြောစရာရှိမှ တွေ့ရမယ့် အနေအထားမှ မဟုတ်တာ"

ထိုလူဟာ လူကြီးတွေနှင့် အတူရှိတုန်းချိန်ဆို ရည်မွန်ယဥ်ကျေးဟန်ဆောင်တတ်သလောက် ငယ် နှင့် နှစ်ယောက်တည်းရှိချိန်ဆို မျက်နှာအမူအရာဟာ အမြဲ ပြီတီတီနှင့်မို့ ငယ် လန့်မိ၏ ။ ထိုလူက ငယ့်ဘေးနား ဝင်ထိုင်မည်ဟန်ပြုတော့ ငယ်ထိုင်နေရာက ရုတ်တရက် ထ လိုက်မိ၏ ။ ငယ့် ခန္ဓာကိုယ်လေး အနည်းငယ် ယိုင်သွားသည်ကိုလည်း ထိုသူ အခွင့်ကောင်းယူပြီး ငယ့် ကို ထိန်းပေးသလိုလိုဖြင့် ခါးသွယ်လေးကို ဖက်ထားသည်မှာ တော်တော်နှင့် မလွှတ်တော့ပေ ။

" လွှတ်ပါ

ကျွန်မ ဘာမှ မဖြစ်ဘူး "

အစွမ်းကုန် တည်တင်းထားသော မျက်နှာထားဖြင့် ပြောလိုက်သည်ကိုပင် ဂရုစိုက်ဟန်မရှိ ။ ဖက်ထားသည်ကိုသာ လွှတ်ပေးပြီး ရုပ်၏ ပြီတီတီ ဖြစ်နေမှုက ပိုဆိုးလာသလိုပင် ။

"ငုဝါက ဒီလောက်လေးကို

လာတွန့်တိုနေသေးတယ် ရပါတယ်

မကြာခင် တစ်ကိုယ်လုံးကို ပိုင်ဆိုင်ရမှာပဲ

ကိုယ် စိတ်ရှည်ပါတယ် "

အဝါမှိုင်းမှိုင်း​ရောင်​လိပ်​ပြာငယ်( အဝါမှိုင်းမှိုင်းရောင် လိပ်ပြာငယ်) Where stories live. Discover now